မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားသည့်MOU အလုပ်သမား ၅၀ ဆယ်ကျော် ယမန်နေ့ကတစ်နေ့တည်းတွင် ပုလိပ်၃ ကြိမ်တိုင် တိုင်ဖမ်းဆီးခြင်းကိုခံခဲ့ရသဖြင့်ထမင်း၂ထပ်ငတ်ခဲ့ကြရကြောင်း MAT အဖွဲ့ကပြောသည်။
စမူပါကန် စွိုင်အာထယန်တွင်ရှိသော ဆောက်လုပ်ရေးကုမ္ပဏီတွင်အလုပ်လု ပ်နေကြသည့် MOU အလုပ် သမား၅၀ ဦးအား ယမန်နေ့နံနက်ပိုင်းက တောေ မာ (လ၀က) ၀င်ရောက်စစ်ဆေးစဉ် အလုပ် သမားများ လက်ဝယ်တွင် ပတ် စပို့မရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရသည်။ ထိုင်းအမျိုးသမီးပွဲစား က လာရောက်ညှိနှိုင်းပေးသဖြင့်ညနေ၆နာရီခန့်တွင် အလုပ်ဆိုဒ်သို့ပြန်လာ ခဲ့ရာ အလုပ်သမားများအား မောင်းထုတ်သဖြင့် အထုတ်အပိုးများဖြင့် အပြင် လမ်းမတွင် ထိုင်နေခဲ့ကြရသည်။
မြန်မာသံရုံးနှင့်MOUပွဲစားကိုယ်စားလှယ်တို့အား ဖုန်းဆက်အကြောင်း ကြားခဲ့သော်လည်း အကြောင်း မထူးဖြစ်နေခဲ့သည်။ ထို့ကြောင့်ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ် အကူညီတောင်းခံခဲ့သည်။ တချိန်တည်းတွင် ရဲများလာဖမ်းကြောင်း သိရှိရ သဖြင့် MAT အဖွဲ့က MOU ပွဲစား ကိုဆွေ ဆိုသူနှင့် ဆက်သွယ်၍ ကား၂စီး ငှါးကာ ညဥ့် ၁၂ နာရီခန့်တွင် လိုက်ပါ သွားခဲ့ကြသည်။ စမူပါကန် ရဲစခန်းသို့ ရောက်ရှိသည့်အခါMOU အလုပ်သမားလူဟောင်း၂၄ဦး ကျန်နေခဲ့ပြီး ရောက်ခါစ MOU အလုပ်သမား၂၂ဦး(မ၁၀+ကျား၁၂ဦး)နှင့် ပတ်စပို့ဖြင့် အလုပ်ဝင်လုပ်နေသည့်အလုပ်သမား၎ဦးတို့အားတင်ဆောင်၍ပွဲစားပြောင်းရွှေ့ လိုသည့် မဟာချိုင် နီခွန်လမ်း၁၁ ထဲတွင်ရှိသော ပန်းရံအလုပ်ဆိုဒ်တစ်ခုသို့ ကားများဖြင့် ပြန်လာခဲ့ကြသည်။
ထိုသို့ပြန်လာခဲ့ကြစဉ်ဖလန်းဆောင်လမ်းအဆုံးသို့ရောက်ရှိသည့်အခါ စစ်ဆေးရေးဂိတ်ချထားသည့် ရဲများ၏ ဖမ်းဆီးခြင်းကိုခံခဲ့ကြရပြန်သည်။ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ဒီအလုပ်သမားတွေ ဟာ မနက်စာ ရော ညစာပါ မစားရသေးဘူး။ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ မိန်းကလေးတွေ ပါနေ တယ်။ ဒါကြောင့်မို့လို့ အလုပ်သမားကူညီစောင့်ရှောက်နေတဲ့ ကျနော်တို့ ညတွင်းချင်းလိုက်လာရတာဖြစ်တယ်။ ခင်ဗျားတို့ ဖမ်းဆီးခေါ်သွားရင် ကုမ္ပဏီ နဲ့ သံရုံးနဲ့ ခင်ဗျားတို့ မနက်ကျမှရှင်းကြ။
ကျနော်တို့ ပြန်ရုံပဲ။ကျနော်တို့ သံရုံးကလူတွေမဟုတ်ဘူး။ အလုပ်သမား တွေမှာ ပတ်စပို့ရှိနေကြတာ ခင်ဗျား တို့ အမြင်ပဲဆိုပြီး ကျနော်တို့က ရဲရဲတင်း တင်းပြောပြတယ်။ ကျနော်တို့ ပတ်စပို့ တွေကိုလည်း အသေးစိတ် စစ်ဆေးတယ်။ ကျနော်လိပ်စာကဒ်ကိုလည်းပေးလိုက်တယ်။ ထိုင်းနိုင်ငံအတွင်းမှာ ပတ်စပို့ကိုင်ထားတဲ့ ဘယ်နိုင်ငံသားမှအဖမ်းမခံရဘူး။ မြန်မာလူမျိုးကို ပတ်စပို့ ရှိလည်းဖမ်းတယ်၊ ဒီကိစ္စမျိုးကို ကျနော်တို့ အစိုးရအနေနဲ့အမျိုးသားရေးအမြင် နဲ့ အမြန်ဆုံး ကန့်ကွက်သင့်တယ်”ဟုပြော သည်။
အလုပ်သမား (ကျား+မ၂၀၀ ဦး) အား ၁၇၊၂၊၂၀၁၄ခုနှစ်က မြ၀တီမှ တစ်ဆင့်တင်သွင်းခဲ့ခြင်းဖြစ် သည်။သို့ရာတွင်အလုပ်သမားများ၏လက်ဝယ်တွင် မေ၀င့်ကုမ္ပဏီနှင့် ချုပ်ဆိုသည့်စာချုပ်စာတမ်းများမရရှိခဲ့ ကြောင်းအလုပ်သမားများက ပြောသည်။ အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေသုံးသိန်းခွဲစီ မေ၀င့်ကုမ္ပဏီ ကိုပေး သွင်းခဲ့ကြ ရကြောင်းအလုပ်သမားများကပြောသည်။ အလုပ်သမားများအား စုဆောင်း စဉ် ကားဘော်ဒီအလုပ်ရုံတွင် လုပ်ကိုင်ကြရမည်ဟု လိမ်လည်ပြောဆိုခဲ့ ကြောင်း၊ စာချုပ်ချုပ်စဉ် ပန်းရံဟု ရေးထားသည်မှာ အလုပ်သမားအရာရှိ များ လက်မှတ်ထိုးစေလိုသဖြင့်လုပ်ရခြင်းဖြစ်ကြောင်းမေ၀င့်ကုမ္ပဏီ ဒါရိုက် တာ ကပြောဆိုလှည့်ဖြားခဲ့ကြောင်း အလုပ်သမားများက ပြောသည်။
ဦးကျော်သောင်း က“ MOU အလုပ်သမားတစ်ယောက်ကို မြန်မာဘက်မှာ ကျပ်ငွေ တစ်သိန်းထက်ပို မယူရဘူး။ ထိုင်းနိုင်ငံဘက်မှာ ဘတ်တစ်သောင်း ထက် ပိုမယူရဘူးဆိုပြီး ထိုင်းနဲ့မြန်မာအစိုးရ သတ်မှတ် ထားပါတယ်။ အလုပ် သမားတွေကိုလည်းအလုပ်တစ်မျိုးတည်းအတွက်တစ်စုတစ်ဝေးတည်း ခေါ်ယူ ခွင့်ပြု ပါတယ်။ ပြီးတော့ တစ်လကို ဘတ် ၁,၀၀၀ ထက်ပိုပြီး ဖြတ်တောက်ခွင့် မပြုပါဘူး။ ဒါပေမယ့် တကယ့် လက် တွေ့မှာ ဗမာပြည်ဘက်မှာ ကျပ်ငွေ ငါးသိန်း၊ ခုနစ်သိန်းအထိ ကောက်ခံတဲ့ကုမ္ပဏီတွေရှိတယ်။ ထိုင်းဘက်မှာ ဆိုရင်အနည်းဆုံး ဘတ်ငွေ ၁၃,၀၀၀ ကနေ ၂၅,၀၀၀ အထိ ဖြတ်တောက် ပါတယ်။
ဒါတွေကို ကျနော်တို့ ကြိမ်ပေါင်းများစွာ မြန်မာအစိုးရကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ လိပ်စာမရှိပဲ တင်ပို့ လိုက် တဲ့ ဖြစ်စဉ် တွေအများကြီးရှိတယ်။ ဒါပေမယ့် မြန်မာအစိုးရဟာ ပြန်လည်ဆန်းစစ်ခြင်း တစ်ခါမှ မလုပ်ခဲ့ဘူး။ ဆိုတော့MOUပွဲစားကုမ္ပဏီတွေဟာအလုပ်သမားသံအရာရှိကို ပေးနိုင်လို့ရှိရင် လုပ်ချင်တာ လုပ်၊ လူသွင်း ချင် သလောက်သွင်း ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်” ဟု အပြုသဘောထောက်ပြသည်။
မဟာချိုင် နီခွန်လမ်း၁၁ထဲတွင်ရှိသော ပန်းရံအလုပ်ဆိုဒ် ထဲတွင် မေ၀င့်ကုမ္ပဏီမှ ၂၂၊ ၂၊ ၂၀၁၄။ နေ့က တင်သွင်းထားသည့် အလုပ်သမား (ကျား+မ၂၀၀ ဦး) အထဲမှ အလုပ်သမား ၃၀ဦး အလုပ်လုပ်နေ ကြ သည်။ ၎င်းအလုပ်သမားတို့သည်ကျပ်ငွေသုံးသိန်းရှစ်သောင်းမှကျပ်ငွေ လေးသိန်းခွဲ
အထိပေး ခဲ့ကြရ သည်ဟုဆိုသည်။
ယနေ့နေ့လည်က ပဲခူးတိုင်း အုတ်ဖိုမြို့မှ အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦးဆိုသူသည်အဆုတ် ရောဂါကြောင့်သွေးအံသဖြင့် ဆေးရုံသို့သွားခဲ့ရာ လမ်းတွင်ပုလိပ်ဖမ်းသဖြင့် ဘတ်၄၀၀ ပေးလိုက်ရသည်။ ဆေးကု စရာငွေ မရှိတော့သဖြင့် အလုပ်ဆိုဒ်သို့ ပြန်လာခဲ့ရသည်ဟု ဆိုသည်။
မေ၀င့်ကုမ္ပဏီသည် အလုပ်သမားတစ်ကြိမ်တင်သွင်းတိုင်း ၂၀၀ ဦးစီ တင်သွင်းသော်လည်း မည်သည့် နေရာတွင်မှအလုပ်သမားများတစ်စုတစ်ဝေးတည်းမရှိပေ။ နှစ်နိုင်ငံအစိုးရတို့ သတ်မှတ်ထား သည့် MOU စည်းကမ်းချက်များအားဖေါက်ဖျက်၍ စိတ်ကြိုက် ပို့ဆောင်ခွင့်ရနေသည့် ကုမ္ပဏီတစ်ခုဖြစ်နေ သည်မှာ အထူးစိတ်ဝင်စားဖွယ် ဖြစ်ကြောင်း MAT အဖွဲ့ကထောက်ပြသည်။
No comments:
Post a Comment