လာလည်ကြည့်ရှုသော မိတ်ဆွေများအပေါင်း သာယာပျော်ရွှင်နိုင်ပါစေလို့ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်...............ဤ Blogger တွင် သတင်းများ ဝေဖန် ၊ အကြံပေးစာများ ပေးပို့လိုပါလျှင် Khainyarzartun@gmail.com & https://www.facebook.com/groups/xoxking/ သို့ ပို့ပေးနိုင်ပါတယ်

Friday, 18 July 2014

ခရီးသည် ၂၈၀ နှင့် လေယာဉ် အမှုထမ်း ၁၅ ဦးလိုက်ပါလာသည့် မလေးရှားလေယာဉ် ပစ်ချခံရမှု ၂၉၅ ဦးလုံးသေဆုံး


ခရီးသည် ၂၈၀ နှင့် လေယာဉ် အမှုထမ်း ၁၅ ဦးလိုက်ပါလာသည့် မလေးရှားလေကြောင်းလိုင်းမှ MH17 ဘိုးရင်း 777 လေယာဉ် တစင်း ယူကရိန်းနှင့် ရုရှားနိုင်ငံ နယ်စပ်ရှိ လေပိုင်နက်မှာ ပျက်ကျခဲ့တာဟာ ခွဲထွက်ရေးသမားတွေက ပစ်ချခဲ့တာ ဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီရဲ့ အကြံပေးက ပြောကြားလိုက်ကြောင်း အေဂျင်စီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အမြင့်ပေ ၃ သောင်း ၃ထောင်မှာ ပျံသန်းလာတဲ့ မလေးရှား လေယာဉ်ဟာ ခွဲထွက်ရေးသူပုန်တွေ ပစ်လွှတ်တဲ့ ဒုံးကျည် ထိမှန်ပြီး ပျက်ကျသွားကြောင်း ကို ယူကရိန်းပြည်ထဲေ၇း ဝန်ကြီးအကြံပေးက ပြောကြားခဲ့တာပါ။

လေယာဉ်ပေါ်လိုက်ပါလာတဲ့ လူ ၂၉၅ ဦးစလုံးသေဆုံးသွားပြီလို့လဲ ရိုက်တာရဲ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။


မလေးရှား MH 17 လေယာဉ်ဟာ အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။


.. www.MyanmarExpress.net
 

No comments:

Post a Comment