လာလည်ကြည့်ရှုသော မိတ်ဆွေများအပေါင်း သာယာပျော်ရွှင်နိုင်ပါစေလို့ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်...............ဤ Blogger တွင် သတင်းများ ဝေဖန် ၊ အကြံပေးစာများ ပေးပို့လိုပါလျှင် Khainyarzartun@gmail.com & https://www.facebook.com/groups/xoxking/ သို့ ပို့ပေးနိုင်ပါတယ်

Wednesday, 13 August 2014

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေနေမှု မြင်ကွင်း











လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်က နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သြဂုတ်လ ၉ ရက်နေ့က စတင်ပြီး ရန်ကုန်မြစ်ဝမှာ ရှာဖွေနေတာ ဒီနေ့ဆို ၅ ရက်ရှိပြီဖြစ်ပါတယ်။
From:DVB

www.mmdailystar.com

မလေးရှားမှာ မြန်မာအမျိုးသမီးတစ်ဦးကို ကုလား ထိုးကြိတ်ခံရမှု လူနည်းစု ကာကွယ်ရေးသမားများ ပါးစပ်ပိတ်နေ



မလေးရှားနိုင်ငံမှာ PERSIARAN BUNGA မှာရှိတဲ့ TANJUNG SENAWANG INDUSTRIAL PARK 70400 SE မှာ တရားဝင် လာရောက် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို အလုပ်အတူတူ လုပ်ကိုင်တဲ့ မလေးရှားနိုင်ငံသား အမျိုးသားတစ်ဦးက လက်သီးနဲ့ ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ညဆိုင်း အလုပ်ဆင်းတဲ့ ဒေါ်ခင်ဆွေဦးကို ည ၁၁ နာရီ ၃၀ မိနစ်လောက်မှာ Supervisor က Muhd Fauzi Naim Bin Ahmad နဲ့ အလုပ် ချိန်းပြီးလုပ်ဖို့ လာပြောပါတယ်။ လုပ်လက်စ အလုပ် လက်စမသတ်ရသေးကြောင့် ကြန့်ကြာနေတဲ့အချိန်မှာ အလုပ်ချိန်းလုပ်မယ့် မလေးရှားနိုင်ငံသားက လာပြီး ပြဿနာရှာတာလို့ သူက ဆိုပါတယ်။

နင်ဘာလို့ လာမလုပ်တာလဲ ဆိုပြီး လက်သီးနဲ့ ရင်ဘတ်ကို ထိုးတယ်လို့ ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

“နင်ငါ့ကို ဘာလို့ ထိုးတာလဲ။ ပါးစပ်နဲ့ပြောလဲရတာပဲလို့ ပြန်ပြောတော့။ နင်ငါကို ပြန်ပြောစရာလား ဆိုပြီး နောက်တစ်ချက် ထိုးတယ်” လို့ သူက ရှင်းပြပါတယ်။

ဒေါ်ခင်ဆွေဦး လုပ်တဲ့ နေရာမှာ အလုပ်နည်းနေတဲ့အတွက် အလုပ်ချိန်း ခိုင်းတာလို့လည်းက သူက ဆက်ရှင်းပြပါတယ်။

ညာနဲ့ဘယ် ရင်ဘတ်နှစ်ဖက်လုံးကို လက်သီးနဲ့ အထိုးခံရတဲ့အတွက် အောင့်နေတယ်။ အပြင်ဆေးခန်းမှာ ပြထားတယ်လို့ ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

အထိုးခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မလေးရှားရဲတပ်ဖွဲ့ကို တိုင်ကြားထားတယ်လို့ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။


.. www.MyanmarExpress.net

ပီအာ ဟာ ထွက်ပေါက်တစ်ခုလား ????



ပီအာ စနစ်ကို …
ရွေးကောက်ပွဲတွင် အသုံးပြုရန် …
လွှတ်တော်တွင် အဆိုတင်သွင်းသည့်အခါ …
အတိုက်အခံ ဘက်မှ ကန့် ကွက်သံများ …
စီကနဲ ညံသွားပါသည် ….

အဘယ်ကြောင့် …
ဘယ်လိုကြောင့် …
ဒီလိုကြောင့် ….
စသဖြင့် အကိုးအကားများ ဝေေ၀ဆာဆာဖြင့် ….
ကန့် ကွက် တားမြစ်ကြပါသည် …

ကျွန်တော်ကတော့ စိတ်မ၀င်စားတော့ပါ …
ပီအာ စနစ် ၊ FPTP စနစ် စသည့် ကိစ္စများထက် …
နိုင်ငံရေးထွက်ပေါက် ရရှိဖို့ ကို သာ …
ပို စိတ်ဝင်စားပါသည် …

လက်ရှိ နိုင်ငံရေးအခြေအနေကြီးကိုလည်း ..
ကျွန်တော်တို့  ငြီးငွေ့ လွန်းလှပါပြီ ….
၁၉၈၈ နောက်ပိုင်းက စခဲ့သော …
အန်အယ်လ်ဒီ နှင့် တပ်မတော် အစိုးရတို့ ၏ …
စစ်အေးတိုက်ပွဲကြီးကိုလည်း …
စက်ဆုပ် မုန်းတီးလို့ လာနေပါပြီ ….

တစ်ဖက် နှင့် တစ်ဖက် …
အပြန်အလှန် တိုက်ခိုက်နေကြသော …
မပြီးဆုံးနိုင်သည့် …
တစ်ထောင့်တစ်ည နိုင်ငံရေး တိုက်ပွဲများသည် …
တိုင်းပြည်ကို မည်ကဲ့ သို့ အကျိုးပြုနိုင်ပါမည်နည်း ….

အရင်ကတော့ …
ကျွန်တော်တို့ မျှော်လင့်ခဲ့ဖူးသည်…
အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရင် …...????
ညီညွှတ်ရေးကို တည်ဆောက်နိုင်ရင် …....?????
စသဖြင့် အိပ်မက်များစွာ မက်ခဲ့ဖူးသည်…

ယခုကတော့ …
ဒီမိုး ဒီလေ ဒီလူတွေနှင့် …
ဒီ အိပ်မက်များမှာ …
ဆောင်းတွင်းအိပ်မက် ….
ကယောက်ကယက် အဆင့်ထက် မပိုတော့ပါ …

ယခု ပီအာ အသံ ကြားလာရသောအခါ ….
ပထမတော့ နည်းနည်း ခေါင်းထောင်ကြည့်မိပါသည်…
ခေါင်းထဲဝင်လာသည့် အတွေးက …
နောက်ထပ် နိုင်ငံရေးတိုက်ကွက်တစ်ခု ဟု …
ခပ်ပေါ့ပေါ့ ပင် တွေးလိုက်မိပါသည် ….

တစ်ခါ သေချာပြန်စဉ်းစားကြည့်ရင်း …
ခေါင်းထောင်ရုံ မဟုတ် …
ထထိုင်မိပါသည် ….
ပီအာဟာ ထွက်ပေါက်တစ်ခုများ ဖြစ်နေပါသလား ????
တင်းမာမှု လျော့ကျသွားမည့် …..
အခြေအနေတစ်ခုကို ရောက်ရှိသွားရန် ….
ပီအာက စွမ်းဆောင်နိုင်ပါသလား ….?????

သေချာပြန်သုံးသပ်ကြည့်တော့ …
ပီအာ စနစ်တွင် …
ကျွန်တော် သဘောကျသည့် အချက် နှစ်ချက်ရှိပါသည် …
ပထမအချက်က လူထု၏ ဆန္ဒအားလုံး …
လွှတ်တော်ထဲ ရောက်သွားသည့် အချက်ဖြစ်ပါသည် …

ပါတီတစ်ခုက …
မဲ ဆန္ဒနယ် အားလုံးတွင် အနိုင်ရသွားသဖြင့် …
လွှတ်တော်ထဲတွင် နေရာအားလုံး ယူလိုက်သည့် ကိစ္စ နှင့် …
မဲဆန္ဒနယ် အသီးသီးမှ …
ကိုယ် ရရှိသော မဲရာခိုင်နူန်း အလိုက် …
အချိုးကျ လွှတ်တော်ထဲတွင် နေရာယူရသော ကိစ္စ …
ဘယ်စနစ်က လူထု၏ ဆန္ဒကို ပို ကိုယ်စားပြုနိုင်သည်ကို ….
ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း …
တွေ့ မြင်နိုင်ပါသည် ….

ဒုတိယ အချက်ကတော့ …
ကျွန်တော့် အတွက် ပိုလို့ ပင် ....
သဘောကျစရာကောင်းပါသည် …
၂၀၁၅ တွင် …
အန်အယ်လ်ဒီ ၄၀ ရာခိုင်နူန်း …
အခြားပါတီများ ၂၀ ရာခိုင်နူန်း …
တိုင်းရင်းသားပါတီ ၁၅ ရာခိုင်နူန်း …
တပ်မတော် ၂၅ ရာခိုင်နူန်း …
စသည့် အနေအထားမျိုး ဖြစ်စေချင်ပါသည် ဟု …
အရင်ကတည်းက ပြောခဲ့ရေးခဲ့ ဖူးပါသည် …

ဒါပေမယ့် ကိုယ့်လူမျိုးတွေရဲ့  …
သူဖြူရင် ငါမည်း ဆိုသည့် …
ရယ်ဒီကယ် အစွဲများကြောင့် ….
ဖြစ်နိုင်ပါ့မလားလို့  ….
မယုံရဲရဲ သံသယလဲ ဖြစ်မိပါသည် …

ဒါပေမယ့် ပီအာ စနစ် အရ ဆိုရင်တော့ …
ဒီမျှော်လင့်ချက် ….
ဒီမဲ ရာခိုင်နူန်း ….
အများကြီး ဖြစ်နိုင်ချေ ရှိလာပါပြီ …

ကျွန်တော့်အမြင်မှာ …
အန်အယ်လ်ဒီ သည် အုပ်ချုပ်ရေး တာဝန်ကို မယူဖူးပါ ….
ပါတီ စထောင်ကတည်းက ….
တောက်လျှောက် တော်လှန်ရေးလုပ်လာရသဖြင့် …
ပြောလိုက်သောစကားများ အားလုံးက …
အစိုးရ ဆန့် ကျင်ရေး နှင့် …..
တော်လှန်ရေး အငွေ့ အသက် ဘယ်တော့မှ မစင် ….

ဟောပြောပွဲ များကို နားထောင်လိုက်တိုင်း...
ဟိုးယခင်က ခေတ်စားခဲ့သည် ...
" ဓနရှင် မှန်သမျှ တော်လှန်ရမည် " ဟူသော ...
ကွန်မြူနစ် ဇာတ်ပျက် မိန့် ခွန်းဆန်ဆန် လို ...
အမြဲ ခံစားရပါသည် ....

ဒီလိုကိစ္စတွေ ပျောက်ဖို့  …
အန်အယ်လ်ဒီကို အုပ်ချုပ်ရေးတာဝန်များ ….
ခွဲဝေပေးမှကို ရမည် ….

ကိုယ့်ပါတီက အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးမှာ …
အထိုက်အလျောက် တာဝန်ရှိလာရင် …
အန်အယ်လ်ဒီပါတီဝင်များရော …
ဒီမို အုပ်စုများပါ …
အစိုးရ လုပ်သမျှ ထိုင်ဆဲနေသည့် ယဉ်ကျေးမှု …
ဆက်ထွန်းကား ၍ မရတော့ ….

ဒါဆို တစ်ဖက် နှင့် တစ်ဖက် …
အပြန်အလှန် လက်ညိုးထိုး …
ဆော်ပလော်တီး နေကြသည့် ..
မြန်မာ့ စစ်အေးတိုက်ပွဲ ….
အရှိန် အတော်လျှော့ကျသွားမည် ….

ပြသနာက အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတွင် …
အန်အယ်ဒီကို နေရာဘယ်လောက်ပေးမလဲ ….
ဟူသည့် မေးခွန်းဖြစ်သည်….

အန်အယ်လ်ဒီက အားလုံးလိုချင်သည် …
တစ်ဖက်ကလည်း လုံးဝ မပေးနိုင် …
အကန့် အသတ်နှင့်သာ ပေးလိုသည် …

ဒီလို စစ်အုပ်ချုပ်ရေး မုန်းတီးမှု နှင့် …
ကလဲ့ စား ချေလိုစိတ် အရှိန်မသေသေးသည့်ကာလမှာ …
အန်အယ်လ်ဒီ အာဏာအပြည့်အ၀ ရလာရင် …
အပြန်အလှန် ဆော်ကြနှက်ကြ နှင့် ….
တိုင်းပြည် မတည်မငြိမ်ဖြစ်မှာတော့ ….
အသေအချာဖြစ်သည် …

ဘာလို့ လဲဆိုတော့ …
အန်အယ်လ်ဒီ အဓိကထား တိုက်ခိုက်နေသည့် ..
အဖွဲ့ အစည်းကြီးများသည် …
အန်အယ်လ်ဒီ လုပ်သမျှ လည်စင်းခံနေရလောက်အောင် …
အင်အားသေးငယ်လှသူများ မဟုတ်သည့်အတွက် …
တန်ပြန် နိုင်ငံရေး ထိုးနှက်ချက်များကို ဖန်တီးပြီး ….
အစိုးရ အကျပ်အတည်း ဖြစ်အောင်…
ပြန်လည်တိုက်ခိုက်မည်မှာ သေချာသလောက်ဖြစ်သည် ….

ရှင်းနေအောင် ဥပမာပေးရလျှင် …
လက်ရှိ အခြေအနေအတိုင်း …
အစိုးရ နေရာတွင် အန်အယ်လ်ဒီ ရောက်လာကာ …
အတိုက်အခံနေရာတွင် ….
ပြည်ခိုင်ဖြိုး နှင့် သူ၏ မဟာမိတ် အဖွဲ့ များ ရောက်လာမည် ဖြစ်သည် …
တိုင်းပြည်ကတော့ ထုံးစံအတိုင်း …
အပြန်အလှန် နိုင်ငံရေး တိုက်ခိုက်မှု ၀ဲဂယက်များအတွင်း …
ထူးမခြားနားသာ ဖြစ်မည် ….

ဒါကြောင့် …
ယခု လက်ရှိအခြေအနေတွင် …
အစိုးရ နှင့် အတိုက်အခံ ရင်ကြားစေ့ရေးအတွက် …
အရေးအကြီးဆုံးမှာ ….
အာဏာကို ခွဲဝေရယူခြင်းဖြစ်သည် …
ပါတီတစ်ခုတည်းက ….
အာဏာကို လက်ဝါးကြီးအုပ်ထားခြင်းသည် ….
မဆုံးနိုင်သော နိုင်ငံရေး တိုက်ပွဲများကိုသာ ….
ဆက်လက် ဖြစ်ပေါ်စေလိမ့်မည် …

ပီအာစနစ်ကို ကျင့်သုံးရင်တော့ …
ဒီအခြေအနေက လွန်မြောက်သွားနိုင်သည် …
ပါတီအားလုံး လူထုထောက်ခံမှုအတိုင်း ....
အချိုးကျ နေရာရမှတော့ ...
ဘာမှ မကျေနပ်စရာမရှိ ....
ဒါကြောင့် ပီအာကို ထွက်ပေါက်လားဟု …
ကျွန်တော် စဉ်းစားလာရခြင်း ဖြစ်သည် ….

ပီအာကြောင့် ဖြစ်ပေါ်လာနိုင်သည့် ..
အခြား ပြသနာလေးများ ရှိကောင်းရှိနိုင်သော်လည်း …
အတိုက်အခံ နှင့် အစိုးရ ကြားမှ
ဘယ်လိုမှ စေ့စပ်မရသည့် …
၂၅ နှစ် စစ်အေးတိုက်ပွဲကြီးတော့ ပြီးဆုံးသွားနိုင်သည် …

တစ်မတ်သား ရှိနေလျှင် …
ပီအာကို လက်မခံနိုင်ဆိုသည့် သူများလဲ တွေ့ ရသည် …

တစ်မတ်သား ကိစ္စကတော့ …
အရင်ကတည်းက ပြောခဲ့ပြီးပါပြီ …

ပီအာဖြစ်ဖြစ် ၊ FPTP ဖြစ်ဖြစ် …
ဘုရင် စနစ်ပဲ ဖြစ်ဖြစ် …
ပြည်တွင်းစစ် အပြီးမသတ်သေး…
လက်နက်ကိုင်များအရေး မဆုံးသေးရင်တော့ …
တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ …
ကြိုက်ကြိုက် မကြိုက်ကြိုက် …
ဝင်ပါနေအုန်းမှာမို့  …
နဂို ပေးထားချက်တစ်ခု ဟုသာ …
သဘောထားစေချင် ပါသည် ….

Ps ။ လက်မခံနိုင်သော ….
တော်လှန်ရေးသမားများကိုလဲ မတားပါ ….
မိမိသဘောကျ ဆက်လက်တိုက်ပွဲဝင်…
တော်လှန်နိုင်ပါကြောင်း …..

( ရဲမိုး )
 
From:Ye Moe

သစ်သီးများကို အမျိုးသမီး အတွင်းခံဘောင်းဘီစွပ်၍ ရောင်းချလာ



ယခုဟာ ဆိုရင် တရုတ်ပြည်မှာ တရုတ်ရိုးရာ ချစ်သူများနေ့ ရောက်ခါနီး အချန်ကာလ ဖြစ်ပါတယ်။ ဒီတော့ ချစ်သူများနေ့အတွက် အရုပ်များ၊ အစားအစာများ၊ လက်ဆောင်များ အရောင်းအဝယ် အင်မတန် ဖြစ်နေ ပါတယ်။ Yao Yuan ဟာလည်း မက်မုံးသီးရောင်းဖို့ ရှိပြီး အခြားသူတွေထက် ထူးခြား သွားအောင် မက်မုံသီးကို အမျိုးသမီးအတွင်းခံ အသေးလေးတွေနဲ့ စွတ်လို့ ရောင်းလိုက် ပါတယ်။

အတွင်းခံ ပြုလုပ်တဲ့ ကုမ္ပဏီတစ်ခုဆီကနေ သီးသန့်ချုပ်လုပ်စေ၊ မှာယူစေပြီးတော့ သူကိုယ်တိုင်သေချာ လက်နဲ့ စွတ်ထားပေးတဲ့ မက်မွန်သီးများ ဖြစ်ပါတယ်။ ဒီတော့ အရည်အသွေးကောင်း အရသာ ရှိတဲ့ မက်မွန်သီး ကိုးလုံးပါ ဘူးတစ်ဘူးကို ဗြိတိန်ပေါင် ၅၀ ဝန်းကျင် တန်ဖိုးရှိ တရုတ်ယွမ်ငွေနဲ့ ရောင်းချပါတယ်။ ဒီတော့ အမြင်အားဖြင့်လည်း စွဲဆောင်မှု ရှိတဲ့ ယင်း အသီးများကို ဝယ်သူ အင်မတန် များနေ သတဲ့။

တရုတ်ပြည် အရှေ့ပိုင်း Nanjing ပြည်နယ်မှာ ဖြစ်ပါတယ်။ သူ့လိုပဲ အခြား ပြည်နယ်က ရောင်းချ သူများလည်း ပြုလုပ်လာ ပါတယ်။ မက်မွန်သီး ဆိုတာ တရုတ်လူမျိုးတို့ ရှေးယခင်ခါ ကတည်းက ယနေ့အချိန်အထိ စွဲစွဲမြဲမြဲ စားသုံးတဲ့ အသီး တစ်မျိုး ဖြစ်ပြီး ကြိုက်လဲ ကြိုက်ကြ ပါတယ်။ ချစ်သူ အချင်းချင်း လည်း လက်ဆောင်ပေးလေ့ ရှိပါတယ်။ Yao Yuan ရဲ့ အမျိုးသမီး အတွင်းခံ အသေးစား စွတ်ထားတဲ့ မက်မွန်သီးကတော့ ရောင်းအား ကောင်းနေကြောင်း သိရ ပါတယ်။
.
Ref: dailymail.co.uk
အောင်ခမ်း (www.innewsmyammar.com)
From:ရိုးရာလေး

ဟစ်တလာ ကိုယ့်ကိုကိုယ် သတ်သေသလား ထွက်ပြေးသွားသလားဆိုတဲ့ ပဟေဠိတစ်ပုဒ်



မကြာသေးမီက တရားဝင်ထုတ်ပြန်လိုက်တဲ့ FBI ဖိုင်တွဲများမှာ ပါရှိတဲ့ အံသြဖွယ်ရာ အဆိုပြုချက်တွေအရ အဒေါ့ဖ်ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်အဆုံးမှာ ရေငုတ်သဘောင်္နဲ့ အာဂျင်တီးနားနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားပြီး ၄င်းနိုင်ငံရဲ့  မွေးမြူရေးခြံတစ်ခုမှ အစောင့်အကြပ်ထူပြောစွာနဲ့  ပန်းနာရင်ကျပ်ရောဂါ၊ ဖက်ခွက်နာ တို့ ကို ခံစားပြီး နေထိုင်သွားခဲ့တယ်လို့ ဆိုပါတယ်။

J Edgar Hoover လက်ထက်မှာ FBI ဟာ ဟစ်တလာမသေဘူးဆိုတဲ့ အဆိုပြုချက်တွေကို သိပ်ကို အလေးအနက်ထားပြီး ယင်းပေါက်ကြားလာတဲ့ လျှို့ဝှက်သတင်းရဲ့ အချက်အလက်တွေကို အသေးစိတ်စုံစမ်းဖို့  အဖွဲ့ တစ်ဖွဲ့ ကို တာဝန်ပေးအပ်ခဲ့တယ်လို့  ၄င်းဖိုင်တွဲမှာပါတဲ့ လျှို့ဝှက်အချက်အလက်တွေက ညွှန်းဆိုနေပါတယ်။

၁၉၄၅ ခုနှစ်မှာ ဘာလင်မြို့ကြီးကျဆုံးပြီး ရက်သတ္တပတ် ၂ ပတ်ခွဲလောက်အကြာမှာ အာဂျင်တီးနားလူမျိုး ၀ရမ်းပြေးတစ်ယောက်က တောင်အမေရိကနိုင်ငံတစ်ခုမှာ သူ ဟစ်တလာရယ်၊ အမျိုးသမီး၂ဦးနဲ့  အခြားပါလာတဲ့ ဂျာမန်လူမျိုးတွေကို ရေငုတ်သဘောင်္ထဲကနေဆင်းလို့ ရအောင် ဘယ်လို ကူညီခဲ့တယ်ဆိုတာကို ဒီယုံရခက်တဲ့ စာရွက်စာတမ်းတွေက သေးစိတ်ပြောပြနေပါတယ်။

အဲဒီ့နောက်မှာ ဟစ်တလာနဲ့ သူ့အပေါင်းအပါတွေဟာ တောင်ပိုင်း Andes ဘက်က တောင်ကုန်းတွေပေါ်ကို မြင်းတွေနဲ့  သယ်ဆောင်ထုတ်ပိုး သွားခဲ့ကြပါတယ်။အစီအစဉ်ကတော့ အဲ့ဒေသတစ်ဝိုက်မှာ ရှိတဲ့ ဂျာမန် မိသားစုတွေနဲ အတူ အုံလိုက်ကျင်းလိုက် ပြောင်းရွေ့ အခြေခြနေထိုင်ဖို့ ပဲဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အာဏာပိုင်များဆီကို သတင်းပေးပြီး အမေရိကန်မှာ ခိုလှုံခွင့်ကို ပြန်လည်တောင်းဆိုဖို့ မျှော်လင့်တဲ့ အာဂျင်တီးနား သတင်းပေးကို စာရွက်စာတမ်းများမှာ နာမည်ဖော်ပြထားခြင်းမရှိပါဘူး။

ဒါပေမယ့် သူဟာ“နာဇီကြီးကတော့ ပန်းနာရင်ကြပ်နဲ့ ဖက်ခွက်နာကို ခံစားနေရပြီး နှုတ်ခမ်းမွေးလည်း ရိတ်လိုက်ပါပြီ” ဆိုတဲ့ ဖော်ပြချက်စာသားကို ၁၉၄၅ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ Los Angeles Examiner သတင်းစာမှာ ထည့်ဖို့  စာနယ်ဇင်း သမားတစ်ဦးကို တကယ်ပဲပေးခဲ့ပါတယ်။

အဲ့သတင်းပေးဟာ ဟစ်တလာဘယ်မှာရှိနေတယ်ဆိုတာကိုတောင် လမ်းညွှန်ခဲ့ပြီး ““ San Antonio မှာရှိတဲ့ ဟိုတယ်တစ်ခု ကို ခင်ဗျားတို့ သွားမယ်ဆိုရင် ခင်ဗျားတို့ကို အဲ့မှာ လာတွေ့ ပြီး ဟစ်တလာရှိတဲ့ မွေးမြူရေးခြံကို လမ်းပြပေးဖို့  လူတစ်ယောက်ကို ကျုပ်စီစဉ်ပေးမယ်။အဲ့နေရာကတကယ်ပဲ အစောင့်အကြပ်အရမ်းထူထပ်တယ်။ခင်ဗျားတို့ အဲ့သွားမယ်ဆိုရင် အသက်ကိုတော့ ရင်းထားရလိမ့်မယ်” လို့ လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ယင်းသတင်းဟာ ထင်ပေါ်ကျော်ဇော လှတဲ့ FBI ရဲ့ ဥသျှောင်ဖြစ်တဲ့ J Edgar Hoover ဆီကို ရောက်သွားပြီး ၄င်းဟာ ယင်းသတင်းကို စစ်မက်ကွပ်ကဲရေးဌာနဆီကို လက်ဆင့်ကမ်းလိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၁၉၄၅ ခုနှစ်၊ စင်တင်ဘာလ ၂၁ရက် လို့  နေ့စွဲတပ်ထားပြီး ဟစ်တလာ ပုန်းလျှိုးနေရာလို့  ရေးမှတ်ထားတဲ့ ဖိုင်တွဲတစ်ခုမှာ နိဂုံးသတ်ထားပုံကတော့ “ လုံလောက်သော သတင်းအချက်အလက် မရှိသည့်အတွက်ကြောင့် ယခုလတ်တလောရရှိထားသည့် သတင်းအချက်အလက် အနည်းငယ်ဖြင့် ဟစ်တလာရှိရာနေရာကို ရှာဖွေဖို့ရာ မဖြစ်နိုင်ဟု ယုံကြည်ရမည်ဖြစ်ကြောင်း “ ဆိုပြီး အဆုံးသတ်ထားပါတယ်။

အချို့ သော လျှို့ ဝှက်သတင်းများအရလည်း ဟစ်တလာဟာ နယူးယောက်မြို့ မှာ နှုတ်ခမ်းမွေး ရိတ်ပြီး နေထိုင်နေတယ်လို့ သုံးသပ်ရပြန်ပါတယ်။အချို့ သော သတင်းများအရလည်း သူဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ဂျာမန် စကားပြောတဲ့အပိုင်းမှာ နာဇီ ချစ်ပုဂ္ဂိုလ်များနဲ့ အတူပုန်းအောင်းလျက်ရှိတယ်လို့ လည်းဆိုပြန်ပါတယ်။

စစ်ကျန်နာဇီတွေကို လိုက်လံရှာဖွေနေသူ စာရေးဆရာတစ်ဦးက ဟစ်တလာဟာ သူ အသက် ၉၅နှစ်မှာ ဘရာဇီးနိုင်ငံမှာသေဆုံးသွားတယ်ဆိုတာကို သက်သေဖြစ်တဲ့ ဓာတ်ပုံတစ်ပုံကို ရှာတွေ့ ခဲ့ပြီးနောက်ပိုင်း ရက်သတ္တပတ်အနည်းငယ်မှာပဲ ဒီထုတ်ဖော်မှုတွေ ထွက်ပေါ်လာတာပါ။

ယင်းစာရေးဆရာ Simoni Renee Guerreiro Dias ရဲ့ စာအုပ်အရ ယင်းဆိုးသွမ်းတဲ့ အာဏာရှင်ဟာ အာဂျင်တီးနားကနေတဆင့် ပါရာဂွေးနိုင်ငံကို ထွက်ပြေးသွားပြီး ဘရာဇီးနိုင်ငံရဲ့  Mato Grosso ပြည်နယ်က မြို့လေးတစ်ခုမှာ အခြေချနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဟစ်တလာဟာ Adolf Leipzig ဆိုတဲ့ အယောင်ဆောင်နာမည်ကိုသုံးပြီး Nossa Senhora do Livramentoအရပ် မှာ လူပေါင်း ၁၂၀၀၀ လောက်က သူ့ ကို ဂျာမန် အဖိုးကြီးဆိုပြီး သိရှိခဲ့ကြပါတယ်လို့ ဆိုပါတယ်။

အထက်ပါပုံဟာ သူမသေဆုံးခင် ၂ နှစ်အလိုမှာ သူရဲ့ ချစ်သူ လူမည်းလူမျိုး Cutinga နဲ့  ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံရိုက်ခံနေတဲ့ ပုံလို့ လည်းဆိုပါတယ်။

Ref:express.co.uk

From: Trend Myanmar

ဖေ့ဘုတ်ပေါ်မှာ တွေ့နေရတဲ့ ဒေါ်စု၏ လော်ဘီများ


ဖေ့ဘွတ်ပေါ်က NLD ကို လော်ဘီလုပ်နေတဲ့ (Reverse / Direct ကတော့ အဲ့ဒိ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်......) အကောင့်တွေဟာ တရုတ်မုန်းတီးရေးကို တွင်တွင် ရေးသားနေတာ ကို တွေ့ရ တယ်....... အထူးသဖြင့် တရုတ်နဲ့ လက်ရှိအစိုးရနဲ့ တွဲလုပ်နေတာကို ထောက်ပြရင်း တရုတ် မုန်းတီးရေးတရားတွေ ဟောနေတာ အများသားပါပဲ......

သူတို့ ထိမ်ချန်ထားတာတော့ ၁၉၉၀ NLD ရွေးကောက်ပွဲက အောင်နိုင်ခဲ့စဉ်က ဝမ်းသာအားရ နှုတ်ခွန်းဆက် သဝဏ်လွှာပို့တဲ့ ပထမဆုံးသော တိုင်းတပါး နိုင်ငံဟာ တရုတ်ပြည်ဆိုတာ ကိုပါပဲ..... အခုလည်း အဲ့ဒိလော်ဘီတွေ ဘယ်လိုပြောပြော တရုတ်ပြည်က အစိုးရက တကူးတက ဖိတ်တဲ့အပေါ် ဒေါ်စုကိုယ်တိုင် လက်ခံပြီး ဦးဥာဏ်ဝင်းတို့လည်း တရားဝင် ခရီးစဉ်သွားတော့မှာပါ...... အဲ့ဒိ ခရီးစဉ်ကနေအပြန် ဘာတွေဖြစ်လာမယ်လို့ ဘယ်သူမှ ကံသေ ကံမ ပြောလို့မရပါဘူး......

နောက်တစ်ချက်က အမျိုးသားရေး...... အစောပိုင်းက NLD ရဲ့ လုပ်ဆောင်မှု တစ်ချို့တွေဟာ ကုလား အားပေး ဖြစ်တဲ့အပေါ် မျိုးချစ်တွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ခံခဲ့ရတယ်..... အဲ့ဒိအတွက်လည်း အမျိုးသားရေး / မျိုးချစ်တွေကို NLD လော်ဘီတွေဟာ ဆိုးဝါးစွာ တိုက်ခိုက်ခဲ့တာမှာ ပါစင်နယ်ပါမကျန် မချန်ပဲ တိုက်ခိုက်ခဲ့တယ်ပဲ ဆိုရမယ်...... ဒါပေမယ့် အခုနောက်ပိုင်းမှာ NLD ရဲ့ အမျိုးသားရေးအပေါ် မြင်တဲ့ အမြင်တွေဟာ ပြောင်းလဲလာတယ်လို့ပဲ ဆိုရမယ်.....

တိတိ ပပ အနေနဲ့ကတော့ ဦးဥာဏ်ဝင်းရဲ့ တစ်ချိန်က ၈၂ ကို ပြင်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသားပေးရင် လက်ခံမယ် ဆိုတာကနေ ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ်ပေးမှာကို လက်မခံဘူးလို့ နောက်ဆုံးပြောခဲ့တဲ့စကား၊ ဒေါ်စုရဲ့ ကုလ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ့နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်တယ်ဆိုတဲ့စကားနဲ့ မျိုးတုန်း သတ်ဖြတ်ခြင်းလို့ သုံးစွဲမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ် ဆိုတဲ့ စကားတွေဟာ NLD ရဲ့ အမျိုးသားရေး သမားတွေဘက်က ရပ်တည်လာတယ်လို့ ပြောလို့ရတဲ့ စကားတွေပါပဲ......

နိုင်ငံရေးမှာ အမြဲလိုလို ပုံသေနည်းကို ကိုင်ဆွဲပြီး သွားလို့မရပဲ Flexible သွားရမှာပါပဲ...... ပါတီရဲ့ အကျိုးကိုပဲ ကြည့်လို့မရသလို၊ လူထုရဲ့ လိုအင်ဆန္ဒကိုလည်း ပြစ်ပယ်လို့မရတာကို နိုင်ငံရေးသမားတွေ နားလည်ကြတာပါပဲ....... ဒီအတွက်တော့ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒဟာ ပါတီအကျိုးကို မထိခိုက်စေဖို့အတွက် ပန်းတိုင်မပြောင်းလဲပဲ ကျန်တာတွေမှာ ပြောင်းလဲနေမှာပါပဲ......

ဒီအတွက်ကတော့ ပါတီရဲ့ သဘောထားတစ်ခုကို ပုံသေလို ကိုင်ဆွဲနေတဲ့ ဗာလနံတွေကတော့ အချိန်တန်ရင် နား သွားကြမှာပါပဲ..... လက်ရှိကတော့ အဲ့ဒိ ဗာလနံ လော်ဘီတွေဟာ မျက်နှာဖုံးစွတ်တွေ ဖြစ်နေတဲ့အတွက်တော့ ဘာမှ မထူးဘူးလို့ ယူရကောင်း ယူဆနိုင်ပါတယ်...... ဒါပေမယ့်လည်း သူတို့မှာ သူတို့ အချိန်ယူ တည်ဆောက်ထားတဲ့ ပါတ်ဝန်းကျင် ရှိနေတဲ့အတွက် အဲ့ဒိ ပါတ်ဝန်းကျင်ကတော့ ပါတီနဲ့ ပါတ်သက်လို့ လွဲမှားမှုတွေ ဖြစ်လာလေ သူတို့အပေါ် ယုံကြည်မှုတွေ ကင်းမဲ့လာကြမှာပါပဲ....

လောလောလတ်လတ် သာဓကအနေနဲ့ အဲ့ဒိလော်ဘီတွေကြောင့် NLD အနေနဲ့ နာမည်ပျက်စရာ ဖြစ်တဲ့အပေါ် ကမန်းကတမ်း ဖြေရှင်းချက်ပေးရင်းနဲ့ ပြန်ကြားရေးပေ့ခ်ျကို ဖေ့ဘွတ်ပေါ်မှာ စတင်လာတာကိုကြည့်ရင် သိနိုင်ပါတယ်........ ဒီအတွက် NLD ရဲ့ မူအပြောင်းအလဲမှာ ရိုက်ခတ်လာမယ့် တုံ့ပြန်မှုတွေဟာ အဲ့ဒိ လော်ဘီအကောင့်တွေရဲ့ တန်ပြန်မှုတွေကိုပါ ထည့်တွက်ရမှာပါပဲ......

တာဝန်မဲ့ ပြောချင်ရာ ပြောခဲ့တဲ့ အဲ့ဒိအကောင့်တွေဟာ NLD ရဲ့ အပြောင်းအလဲမှာ သူတို့လည်း လိုက်ပါ စီးမြောသွားမှာလား၊ Changes ရဲ့ ဒဏ်ကို မခံနိုင်လို့ ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာမလား၊ ငုတ်လျှိုးသွားပီး တစ်ခြားနာမည်နဲ့ ထွက်ပေါ်လာမလား ဖြစ်နိုင်ချေကတော့ အများကြီးပါ...... ဒါပေမယ့် NLD ကတော့ ပြောင်းလဲလာမယ့် ပုံသဏ္ဍန်တွေဟာ ပြောရေးဆိုခွင့်ရှိသူနဲ့ ပါတီရဲ့ ခေါင်းဆောင်တို့ စကားတွေကနေ အရိပ်အယောင် မြင်နေရပါပီ.......

ကျွန်တော့် တစ်သီး ပုဂ္ဂလ အမြင်ကတော့ အရင်က နိုင်ငံရေးအရ အများကြီး မျှော်လင့်ချက် ထားခဲ့ပြီး NLD ကို ထောက်ခံခဲ့တယ်...... လွှတ်တော်ထဲ ရောက်လာတဲ့အခါ ထင်သလောက် ဖြစ်မလာ တဲ့အပေါ် ဝေဖန်ခဲ့ တယ်...... အခုလည်း ဝေဖန်နေတုန်းပါပဲ...... အမျိုးသားရေးမှာတော့ NLD လျှောက်တဲ့ လမ်း မှားခဲ့တာတွေအပေါ် ထောက်ပြခဲ့တယ်......

နိုင်ငံရေးအပိုင်းမှာ အမြင်တွေ မတူပေမယ့်လည်း အမျိုးသားရေးအပိုင်းမှာ NLD ရဲ့ ပြောင်းလဲမှုဟာ ကျွန်တော့်အတွက်တော့ တကယ်ဝမ်းသာစရာပါပဲ...... အဲ့ဒိ ပြောင်းလဲမှုတွေဟာ ဒီထက် အရှိန်မြင့်မား လာေ စဖို့ ဆန္ဒပြုမိသလို၊ ရေရှည်တည်တံ့ပါစေလို့လည်း မျှော်လင့်မိပါတယ်..... အပြောင်းအလဲတိုင်း မှာ အပြောင်းအလဲကို လက်မခံနိုင်တဲ့ စုန်းပြူးတွေရဲ့ ကဏ္ဍကောစတွေကိုလည်း အောင်အောင် မြင်မြင် ဖယ်ရှားနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်.....


From: Voice of James Mint

လိုချင်ပေမဲ့ ကလေးမရနိုင်သေးတဲ့ အမေးအဖြေများ(ကလေးလိုချင်သူ စုံတွဲများအတွက်)

ဆရာ ကျွန်တော်အမည့့်၊ အသက်က (၂၉)နှစ်၊ မန္တလေးတိုင်း၊့ မြို့နယ်မှာနေပါတယ်။ ကျွန်တော်ဇနီးကအသက် (၃၃)ပါ။ အိမ်ထောင်ကျတာ (၆)လရှိပါပြီ။ ကလေးမရသေးလို့ပါ။ ဘယ်ဆေးခန်းမှမပြရသေးပါဘူး။ ဆရာဆီမှာ အကြံဥာဏ်တောင်းတာပါ။ ကျွန်တော်တို့တားဆေးမသုံးပါဘူးဆရာ။ အဲ့ဒါ ဘယ်ဆေးသုံးရမလဲဆိုတာ ကျေးဇူးပြု၍ ပြောပေးပါဆရာ။

ကိုယ်ဝန်မရစေတဲ့ အကြောင်းတွေမှာ ၃ ပုံ ၁ ပုံက အမျိုးသား၊ နောက် ၃ ပုံ ၁ ပုံက အမျိုးသမီးနဲ့ ကျန် ၃ ပုံ ၁ ပုံက နှစ်ယောက်လုံးနဲ့ ဆိုင်တာ တွေ့ရတယ်။ ကလေးမရ ဖြစ်ကြရတဲ့ အဓိကအကြောင်းရပ် ၃ ခု ရှိတယ်။ ၈ဝ% စုံတွဲတွေမှာ တွေ့ရရမှာက -
၁။ အမျိုးသမီးက လစဉ် မျိုးဥထွက်တာ၊
၂။ အမျိုးသား သုက်ပိုး ပြဿနာ နဲ့
၃။ အမျိုးသမီး သားအိမ်ပြွန် ပြဿနာတွေ ဖြစ်တယ်။
၎။ ဒါတွေအပြင် သားအိမ်အဝ၊ မျိုးဥအိမ် နဲ့ ရောဂါပြီး-စနစ်တွေကိုပါ လေ့လာနေကြတယ်။

မျိုးဥထွက်ခြင်း
သန္ဓေရတာရဲ့အခြေခံဟာ မမျိုးဥနဲ့ ကျားသုက်ပိုး တွေ့ကြဘို့ ဖြစ်တယ်။ ကလေးမရနိုင်သေးသူတွေ အလွယ်ဆုံး စလုပ်နိုင်တာက မျိုးထွက်-မထွက်သိဘို့ဖြစ်တယ်။ အိမ်မှာတင်ကိုယ်တိုင်စမ်းနိုင်တယ်။ မျိုးဥထွက်စေတဲ့ဆေးကိုလဲ ဝယ်သောက်နိုင်သေးတယ်။ မျိုးဥဆိုတာ ရာသီလတလရဲ့ အလည်ရက်မှာ တလမှာ တခါ၊ တခါမှာ တဥသာ ထွက်တယ်။ ၂၈ ရက်တခါ ရာသီလာသူက ၁၄ ရက်၊ ၃ဝ ရက်တခါဆိုရင် ၁၅ ရက်မှာ ထွက်လိမ့်မယ်။ မျိုးဥထွက်မဲ့ ရက်ရဲ့ရှေ့ ၄-၆ ရက်မှာ အတူနေတာက ကိုယ်ဝန်ရဘို့ အဖြစ်နိုင်ဆုံးရက်တွေ ဖြစ်တယ်။ (စာသပ်သပ်ရေးထားပါတယ်။)

သုတေသနအရ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “အတူမနေသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “အတူနေသူ” တွေထဲက (ကွန်ဒွမ်) နည်း သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အတူနေနည်း
ကျားအင်္ဂါက (ဗဂျိုင်းနား) အတွင်းထဲ ရောက်နိုင်သမျှ ရောက်နေရင်း သုက်ထွက်စေတာ ကောင်းတယ်။ ဆက်ဆံပြီးတာနဲ့ မိနစ် ၁၅-၂ဝ ပက်လက် အနေအထား၊ တင်ပါး အောက်မှာ အခုအခံတခုတားပြီး ဆက်လှဲနေပါ။ ခြေထောက်ကိုလဲ ပက်လက်အနေအထားမှာ ခေါင်းဖက်ဆီ ထားနိုင်အောင် ပြုပြင်ထားပါ။ ဆက်ဆံနေတုံးမှာလဲ တင်ပါးအောက်မှာ အခုအခံ ထားသင့်တယ်။ ဒီနည်းကို သိပ်မထူးဘူးလို့ ပြောသူကတော့ ပြောပါတယ်။

ကိုယ်ဝန်ရစေဘို့ ဆက်ဆံနည်းလမ်းများ
• (ကွန်ဒွမ်) မသုံးပါနဲ့။
• စိတ်မလောပါနဲ့၊ စိတ်မစောပါနဲ့၊ အချိန်ယူပါ။
• လိင်စိတ်တိုးဆေးတွေ၊ အစာတွေကို အားမကိုးပါနဲ့။ လိင်စိတ်များတာ၊ သန်တာနဲ့တော့ ကလေးမရပါ။
• ကလေးရအောင် ရက်ရွေးပြီးသာ ဆက်ဆံတာလဲ အားမကိုးပါနဲ့ ပုံမှန် လင်-မယားတွေလိုသာ ပြုမူ-ဆက်ဆံပါ။
• မရရအောင် ခဏခဏဆက်ဆံမယ်လို့လဲ စိတ်မကူးပါနဲ့။ သုက်ပိုးနည်းနေသူဖြစ်နေရင် မကောင်းပါ။
• စိတ်နည်းပါစေ ရက်ကောင်းတယ်လို့ သတ်မှတ်ထားပြီးရင် ဆက်ဆံပါလေ။
• စိတ်တင်းအားတွေ လျှော့ချလိုက်ပါ။
• ဆက်ဆံတယ်ဆိုတာ တာဝန်အရလုပ်ရတာမျိုး မဖြစ်သင့်ပါ။ ပြင်ပြင်ဆင်ဆင် ကြိုတင်ဆောင်ရွက်စရာတွေလဲ လုပ်ဘို့ မမေ့ပါနဲ့။
• ချောမွေ့အရည်-ဆီ သုံးစရာလိုရင် Preseed ဆိုတဲ့ အမျိုးအစားကလွဲရင် မသုံးပါနဲ့။ သုက်ပိုးသတ်ဆေး ပါတတ်တယ်။
• မျိုးဥထွက်ချိန် ရက်တွေ ရွေးထားပါ။ အသုံးပြုတာက လက်တွေ့ကျပါတယ်။
• ဖြစ်နိုင်ရင် နှစယောက်လုံး ကျေနပ်အားရမှု ဖြစ်စေအောင်လဲ ကြိုးစားပါ။
• ဆက်ဆံတဲ့အနေအထား ရွေးတတ်ပါ။ မိန်းမ-အထက်ကနေနည်း နည်းလဲပါတယ်။
• သုက်ပိုးက ကျားအင်္ဂါကနေထွက်ပြီးနောက် ၄၈-၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ဒါ့ကြောင့် မျိုးဥထွက်တာနဲ့ အတိအကျ တွေ့စေရအောင် နေ့တိုင်း ဆက်ဆံနေသင့်တယ် ဆိုတာလဲ မဟုတ်ပါ။ ဒီရက်ကိုမှ မဆက်ဆံမိရင် မရနိုင်ဘူး ဆိုတာလဲ မမှန်ပါ။

သုက်ရည်ပြန်ထွက်ခြင်း
ဆက်ဆံပြီးချိန် သုက်ရည်အပြင်ထွက်တိုင်း ကလေးမရစေတဲ့ အကြောင်းမှန်လို့ အသေအခြာ မပြောနိုင်ပါ။ (ဗဂျိုင်းနား) အဝကနေထွက်တာတိုင်းလဲ သုက်ရည် ဟုတ်ချင်မှ ဟုတ်မယ်။ အမျိုးသမီးက ထွက်တဲ့ အရည်လဲ ဖြစ်နိုင်သေးတယ်။ ဆက်ဆံပြီးချိန် ထွက်တဲ့ အရည်မှာ ၅% သာ သုက်ရည်ဖြစ်ပြီး၊ ၉၅% က တခြားအရည် ဖြစ်တယ်။ ပိုတဲ့ ပုံမှန်သုက်ရည် လျှံထွက်တာလဲ ရှိနိုင်တယ်။ မကောင်းတဲ့-မလိုတဲ့ ခပ်ညံ့ညံ့တွေ၊ ခပ်လေးလေး သုက်တွေ ထွက်တာလို့ ပြောသူတွေက ပြောတယ်။ သန်စွမ်း-မြန်ဆန်တဲ့ သုက်တွေက အထဲကို ဝင်သွားတယ်တဲ့။ သုက်ရည်အပြင်ထွက်တဲ့စာ မဖတ်ရသေးရင် ဖတ်ပါ။ လိုက်နာပါ။

သားအိမ်အနေအထား
အမျိုးသမီးတယောက် ပက်လက်အိပ်နေတာကို ဘေးတိုက်ကြည့်ရင် မွေးလမ်းအဝကနေ အတွင်းထဲ ဆက်သွားတဲ့ ပြွန်လိုလမ်းကြောင်း (ဗဂျိုင်းနား) ဟာ အောက်ဖက်ဆီကို ဦးတည်နေတယ်။ (ဗဂျိုင်းနား) အဆုံးမှာ သားအိမ်ဝရှိတယ်။ သားအိမ်ဝနဲ့ တဆက်တည်းက သားအိမ်။ သားအိမ်လည်ပင်းပိုင်းနဲ့ ကိုယ်ထည်က တဖြောင့်တည်းမဟုတ်ဘဲ ဒေါင့်ချိုးရှိတယ်။ ပိုများများမှာတော့ AV ဒေါင့်ချိုးဟာ အထက်ဖက်ဆီ သွားကြတယ်။ (RV) သားအိမ်က နောက်ပြန် ဖြစ်နေတာနဲ့ ကလေးမရစေတာ မဟုတ်ပါ။ ၅ ယောက်မှာ ၁ ယောက်က အဲလိုဖြစ်နေကြတာပါ။ နှစ်မျိုးလုံးကနေ ကိုယ်ဝန် ရစေပါတယ်။ ကလေးရဘို့ခက်-မခက်ကို လေ့လာမှုတွေအရ RV နောက်ပြန်ဖြစ်နေသူတွေမှာ နည်းနိုင်တယ်လို့တော့ ဆိုပါတယ်။ ကလေးမရစေဘူးပြောတာ မဟုတ်ပါ။ ဆရာ့ဆေးခန်းလေး RV နဲ့လာမွေးသူတွေ မနည်းရှိပါတယ်။ AV ထဲကလဲ ကလေးမရနိုင်သေးသူတွေ တပုံတပင်ရှိတယ်။

RV ဖြစ်ဖြစ် AV ဖြစ်ဖြစ် အမျိုးသမီးဟာ ပက်လက်အနေအထားနေချိန်မယ် သုက်ရည်ကို ဗဂျိုင်းနားအဝ နေရာမှာသာ စွန့်ထုတ်တယ်ဆိုရင်တောင်မှ အောက်ဖက်ဆီကို ဆင်းဝင်စေနိုင်တယ်။ RV ဖြစ်နေသူ ပက်လက်အနေအထားမှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင်လဲ ဖိုနဲ့မ ဆွဲအားသဘောအရ အလွယ်တကူ ဝင်လာစေမယ်လို့လဲ ယူဆတယ်။ AV မှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင် ဖိုနဲ့မ ဆွဲအားသဘောအပြင် ကမ္ဘာဆွဲအား သဘောနဲ့ (ဂဲသြမေထရီ) သဘောတရားတွေအရ ပိုလို့တောင် လွယ်စရာအကြောင်း ရှိမယ်လို့ ယူဆနိုင်တယ်။ သုက်လွှတ်ချိန်မှာ RV ဖြစ်နေသူ အမျိုးသမီးရဲ့ တင်ပါးအောက်မှာ ခပ်နိမ့်နိမ့် အခုအခံလေး ထားပါ။ ခါးက တင်ပါးရဲ့ အောက်မှာရောက်နေပါစေ။ အတူနေခြင်း အဆုံးသတ်ပြီးချိန်မှာ ပက်လက် ဆက်နေပါ။ ဆေးကြောတာကို ချက်ချင်းမလုပ်ပါနဲ့။ စိတ်ထဲမှာ သန်စွမ်းလှတဲ့သုက်ပိုးတွေဟာ ကူးခတ်ပြီး အတွင်းထဲကို ဝင်နေကြတယ်လို့ ခိုင်မာတဲ့ စိတ်ကူးထားပေးပါ။

ဆေးစစ်ခြင်း
လိုအပ်လာရင်တော့ မျိုးပွါးအထူးကုဆရာဝန်ဆီသွားပါ။ ဒါတွေ လုပ်ပါလိမ့်မယ်။
1. ယောက်ျား-သုက်ပိုး စစ်ဆေးခြင်း၊
2. အမျိုးသမီးသွေးစစ်ခြင်း၊ ရာသီရက် ၃ မှာ FSH, LH, PRL and TSH လုပ်မယ်။
3. ရာသီရင် ၈ မှာ Hysterosalpingogram, X-ray of the uterus and tubes လုပ်မယ်။
4. ရာသီရက် ၁ဝ-၁၃ မှာ Vaginal ultrasound scan လုပ်မယ်။

တခြားနည်းတွေ
မရသေးရင် (IVF) ဆိုတဲ့ ခန္ဓာကိုယ်အပြင်မှာ မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်စေပြီး၊ သားအိမ်ထဲ ထည့်ပေးနည်း လုပ်ရတော့မယ်။ ဒီနည်းကို စပယ်ရှယ်လုပ်တဲ့ ဆေးရုံတွေက IVF လုပ်ဘို့ တခြားနိုင်ငံကနေလာရင် သူတို့ တိုင်းပြည်မှာ ရက် ၂ဝ ကြာနေရမယ်၊ ဆေးခန်းကို ၄-၇ ခါလာရမယ် ပြောတယ်။ (စာသပ်သပ်ရေးထားပါတယ်။)

အကြံပေးချက်
ဗီတာမင်တွေနဲ့ သဘာဝ သုက်ပိုးအားပေး အစာတွေ စားသုံးနိုင်ပါတယ်။ သွပ်ဓါတ်နဲ့ ဖေါလစ်အက်စစ်ပါအားဆေးက သုက်ပိုးအရည်အသွေးကို အထောက်အကူ ပြုစေတယ်။ (မာစတာဘေးရှင်း) နဲ့ ကလေးမရနိုင်တာ မဆိုင်ပါ။ ကလေးမရတာ မျိုးရိုးလိုက်တယ်လို့ထင်ခဲ့တာ မှားပါတယ်။ စိတ်တင်းအားများနေလို့ ကလေးမရဘူးဆိုတာလဲ မမှန်ပါ။ လိင်စိတ် သန်-မှန်နေယုံနဲ့ ကလေးရစေမယ်ဆိုတာ မမှန်ပါ။ လိင်စိတ် နည်းနေတာနဲ့လဲ မဆိုင်ပြန်ပါ။ စစ်တာဆေးတာတွေ အားလုံး ကောင်းနေပေမဲ့လဲ ရှင်းမပြနိုင်တဲ့ ကလေးမရနိုင်သေးတာ ရှိတယ်။ ကလေးမရသေးလို့ တယောက်ယောက်၊ နှစ်ယောက်လုံးကို အပြစ်တင်-ထင် မနေသင့်ပါ။ တရားစာရွတ်တာဟာ တိုက်ရိုက် အထောက်အကူ ပြုတာကို သက်သေမပြနိုင်ပေမဲ့ အပြုသဘောဆောင်တယ်ဆိုတာ ကောင်းပါတယ်။

 ဒေါက်တာတင့်ဆွေ
From: HIM

အလှူငွေကောက်ပြီး ကမ်းခြေမှာ အပန်းဖြေနေသည့် ကိုနေမျိုးဇင်အား ကန့်ကွက်ခြင်း


Myanmar Social Development Network ဆိုပြီး မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်တစ်ခုကို ကိုယ်ပိုင်တည်ထောင်ကာ အလှူငွေကောက်နေတဲ့ ကိုနေမျိုးဇင်ဟာ အခု ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေနဲ့ ဖူးခတ်ကမ်းခြေမှာ ပျော်ပါးနေပါနေပါတယ်။ တပ်ကထွက်ပြီး ကတည်းက ကိုနေမျိုးဇင်ဟာ ကိုယ်ပိုင်အလုပ်မရှိဘဲ မိန်းမလုပ်စာကို ထိုင်စားနေတယ်လို့ ကာယကံရှင် ကိုနေမျိုးဇင်ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ မိန်းမလုပ်စာစားပြီး အလုပ်မရှိသူ တစ်ယောက်အနေနဲ့ နိုင်ငံခြားကမ်းခြေမှာ အပန်းဖြေပျော်ပါးဖို့ဆိုတာ။ နေ့စဉ်အလုပ်လုပ်နေတဲ့ မိသားစုတွေတောင် ပြည်တွင်းက ကမ်းခြေတစ်ခုကို မသွားနိုင်သူတွေ အများကြီးရှိပါတယ်။ အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြည်ပက ကမ်းခြေတွေကို သွားနိုင်တာက ယုံယုံကြည်ကြည် လှူဒါန်းထားတဲ့ အလှူငွေတွေကို အလွဲသုံးစားလုပ် ဖြုန်းတီးခြင်းသာ ဖြစ်ပါတယ်။

ကိုနေမျိုးဇင်ကို အရင်က လေးစားခဲ့ပါတယ်။ ကမ္ဘောဇဘဏ်အကောင့် 0681210009700 ကို ကျွန်တော် ၂ ကြိမ်တိုင်တိုင် အလှူငွေ ထည့်ပေးဖူးပါတယ်။  ဒါပေမယ့် အခုလိုလုပ်တာကို တော့ လုံးဝ ကန့်ကွက်ပါတယ်။ ဒိုနာတွေကို စော်ကားတာလို့ မြင်ပါတယ်။

လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဟာ ကိုနေမျိုးဇင်တည်ထောင်ထားတာ ဖြစ်ပေမယ့် ဒိုနာတွေ အကူအညီနဲ့ ရပ်တည်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပက Facebook သုံးစွဲသူ များရဲ့ အကူအညီတွေက များပါတယ်။ ထိုင်းနိုင်ငံက အမျိုးစောင့်လူငယ်များက ရွှေ့ပြောင်း အလုပ်သမား မရှိဆင်းရဲသားများထံမှ အလှူငွေကောက်ပြီး ကိုနေမျိုးဇင်ကို ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဦးကိုနီရဲ့ ဗိုလ်စိန်မှန်ဟောပြာပွဲကို တားမြစ်တဲ့ သံဃာတွေကို ကိုနေမျိုးဇင်က အခြေအတင်ပြောဆိုပြီး အစ္စလာမ်ဘာသာဝင် ဦးကိုနီဘက်က ရပ်တည်ခဲ့ပါတယ်။
 

မြန်မာအလှူရှင်အများစုဟာ နယ်ဝေးက လိုအပ်သူတွေကို သွားရောက်ကူညီဖို့ ငယ်ငယ်ရွယ်ရွယ် အသက် ၄၀ ပတ်ဝန်းကျင် ကိုနေမျိုးဇင်ကို ယုံကြည်စွာ လှူဒါန်းလေ့ရှိကြ ပါတယ်။ အစပိုင်းက ဟုတ်မလိုလိုနဲ့ အခုအခါ ကိုနေမျိုးဇင်ရဲ့ ရပ်တည်ချက်က တဖြည်းဖြည်းနဲ့ မျောက်သစ်ကိုင်းလှုပ်သလိုဖြစ်နေပါတယ်။ ပရဟိတသမားလား၊ ငြိမ်းချမ်းရေးသမားလား၊ နိုင်ငံရေး သမားလားဆိုတာ ဝေခွဲလို့မရတော့ပါဘူး။ ရပ်တည်မှုက အရေးမကြီးပေမယ့် စေတနာရှင်တွေရဲ့ ချွေးနည်းစာအသုံးချမှုက အများကြီးအရေးကြီးပါတယ်။ ထိုင်းနိုင်ငံသွားပြီး ပရဟိတနဲ့ဆိုင်တဲ့ တခြားနေရာတွေကိုသွားတာ လက်ခံပေမယ့် ကမ်းခြေတွေသွားပြီး အချိန်နဲ့ ငွေဖြုန်းခြင်းကို လက်မခံနိုင်ပါ။ စေတနာရှင်တွေဟာ အလှူငွေဖြတ်ပိုင်း လက်မှတ်တစ်ခုရတာကလွဲပြီး ကျန်တာ ဘာမှမသိရပါဘူး။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ကို ဘယ်နှစ်ဦးနဲ့ ဖွဲ့စည်းထားပြီး အလှူငွေ စုစုပေါင်း ဘယ်လောက်ရလဲ၊ ဘယ်လိုသုံးလိုက်လဲဆိုတာ ရှင်းရှင်းလင်းလင်း တိတိကျကျမထုတ် ပြန်နိုင်ပါဘူး။ နောက်တစ်ကြိမ် ကိုနေမျိုးဇင်ကို လှူဒါန်းဖို့တော့ စောင့်ကြည့် စဉ်းစားရပါအုံးမယ်။

ISIS အဖွဲ့ဆိုတာဘာလဲ



• ကနေ့ ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ ထိပ်တန်းကနေပါနေတဲ့ ISIS ဆိုတာ Islamic State of Iraq and Syria ဖြစ်တယ်။ အစ္စလားမစ် ဂျီဟာဒီအဖွဲ့ဖြစ်တယ်။ အဖွဲ့နာမည်တွေ အမျိုးမျိုးပြောင်းလာတယ်။ တကမ္ဘာလုံးက မွတ်ဆလင်အားလုံးရဲ့ခေါင်းဆောင်လို့ ကိုယ့်ဖါသာကြေညာထားတယ်။
• Abu Bakr al-Baghdadi က ၂၉-၆-၂ဝ၁၄ ကတည်းက ခေါင်းဆောင်ဖြစ်တယ်။ သူ့နယ်မြေတွေဟာ ဂျော်ဒန်၊ အစ္စရေး၊ ပါလစ္စတိုင်း၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်၊ တူရကီတောင်ပိုင်းတွေလို့ ဆိုထားတယ်။
• ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ သြစတေးလျ၊ ကနေဒါအပြင် မွတ်ဆလင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကတော့ ISIS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်။
• ဆူနီးမွတ်ဆလင်အဖွဲ့ဖြစ်တယ်။ အီရတ်က Al-Qaeda အယ်လ်ကိုင်ဒါ (၂ဝဝ၃-၂ဝဝ၆)၊ Mujahideen Shura Council မူဂျာဟီဒင် ရှူရာ ကောင်စီ (၂ဝဝ၆)၊ Islamic State of Iraq (ISI) (၂ဝဝ၆-၂ဝ၁၃) တွေပြင် Jeish al-Taiifa al-Mansoura, Jaysh al-Fatiheen, Jund al-Sahaba and Katbiyan Ansar Al-Tawhid wal Sunnah တွေလဲ ပါနေကြတယ်။
• ဆီးရီးယားပြည်တွင်းစစ်မှာဝင်ပါရာကနေ အင်အားကြီးလာမယ်။ အီရတ်စစ်ပွဲမှာလဲ အီရတ်အစိုးရကနေ ကူညီခဲ့တယ်။
• တနေ့ကဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟယ်လရီကလင်တန်က သမ္မတအိုဘားမားရဲ့ ဆီးရီးယား ပေါ်လစီဟာ ကျဆုံးမှုဖြစ်တယ်လို့ ဝေဖန်လိုက်တယ်။ အားဆဒ်အစိုးရကို ခုခံတိုက်မဲ့ အတိုက်အခံတွေကို စစ်ရေးအရ ထိထိရောက်ရောက် မကူညီခဲ့လို့ ISIS လဲ ကြီးထွားလာတာလို့ ဆိုလိုက်တာ ဖြစ်တယ်။
• ကုလသတင်းအရ ISIS ကနေ အခုနှစ်ဇွန်လ ၅ ရက်ကနေ ၂၂ ရက်အတွင်း အီရတ်အရပ်သား ၁ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့သိရတယ်။ အမျိုးသမီးတွေကို မတရားရက်ရက်စက်စက်ပြုကျင့်တယ်။
• ၂ဝ၁၄ သြဂုတ်လအဖြစ်အပျက်များ
• ၁-၈-၂ဝ၁၄ မွတ်ဆလင်နိုင်ငံ အင်ဒိုနီးရှားကနေ အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ာခံရတယ်။
• ၂-၈-၂ဝ၁၄ အီရတ်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်တယ်။ Patriotic Union of Kurdistan (PUK) တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။
• ၃-၈-၂ဝ၁၄ ကာဒစ်အဖွဲ့တွေဆီကနေ Zumar ဇူးမားရေနံတွင်းကို သိမ်းယူနိုင်ခဲ့တယ်။
• ၅-၈-၂ဝ၁၄ အီရတ်မြောက်ပိုင်းက Yazidis ယာဗီဒီ အရပ်သား ၅ သောင်း ထွက်ပြေးကြရတယ်။ အများစုဟာခရစ်ယန်တွေဖြစ်ပြီး အစ္စလမ်ဘာသာထဲ အတင်းသွင်းခံရာမှာကြောက်လို့ ပြေးကြရတာဖြစ်တယ်။
• ၆-၈-၂ဝ၁၄ Yazidis ယာဗီဒီ အမျိုးသမီး ၄ဝဝ ကိုပြန်ပေးဆွဲတယ်။ လိင်ကျွန် အလုပ်ခိုင်းဘို့ဖြစ်တယ်။
• ၇-၈-၂ဝ၁၄ ခရစ်ယန်တွေနေတဲ့ Qaraqosh ကာရာကွက်ရှ် ကိုသိမ်းတယ်။ လူအများစုက ထွက်ပြေးကြရတယ်။ အိုဘားမားကနေ လေကြောင်းကတိုက်ဘို့ အမိန့်ပေးလိုက်တယ်။
• ၈-၈-၂ဝ၁၄ အမေရိကန်အစိုးရကနေ ISIS ဟာ Yazidis ယာဗီဒီ လူမျိုးပြုန်း သတ်နေတယ်လို့ကြေညာလိုက်တယ်။ ယူကေနိုင်ငံကပါ အမေရိကန်ဘက်ကနေ ဝင်တိုက်လာတယ်။
• ၁ဝ-၈-၂ဝ၁၄ ပြင်သစ်ကနေ ကဒ်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးမယ်လို့ကြေညာတယ်။ ISIS ကနေ အီရတ် အမျိုးသမီးနဲ့ ကလေးတွေကို အစုလိုက်အပြုံလိုက် ၅ဝဝ ကိုသတ်တယ်။
• ၁၁-၈-၂ဝ၁၄ Arab League အာရတ်လိခ် ကနေ ISIS ကို လူသားမဆန်ဘူးလို့ပြောဆိုလိုက်တယ်။
• ၁၂-၈-၂ဝ၁၄ ယူအက်စ် နဲ့ ယူကေနိုင်ငံတွေကနေ လူသားခြင်းစာနာမှု အကူအညီတွေ လေကြောင်းကနေ ချပေးနေရတယ်။ ကလေး၊ လူကြီး၊ လူအို၊ ယောက်ျား၊ မိန်းမတွေ နေစရာ၊ စားစရာမရှိ ထွက်ပြေးနေကြရတယ်။

.. www.MyanmarExpress.net

မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် NLD ပါတီ သုတေသနမှူးအား ၀န်ချတောင်းပန်ရန် တောင်းဆို


From : ..PP™

မျိုးစောင့်ဥပဒေအား အပေါစားဆန်သည် ဟု ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့သည့် NLD ပါတီမှ သုတေသနမှူး အမည်ခံ မျိုးရန်နောင်သိန်းအား သံဃာတော်များအပေါ် ၀န်ချတောင်းပန်ရန် တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

“ဘုန်းကြီးတို့အနေနဲ့ ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ရဟန်းရှင်လူ ပြည်သူတွေ တစ်ခဲနက် ထောက်ခံလက်မှတ်ရေးထိုးထားတဲ့ မျိုးစောင့်ဥပဒေအပေါ် ဒီလိုမျိုး ပုတ်ခတ် စော်ကားလာတာကိုတော့ လက်မခံနိုင်ဘူး။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကအစ တစ်နိုင်ငံလုံးက အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ သံဃာထုတစ်ရပ်လုံးကို အပေါစားတွေလို့ မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကား ပြောလိုက်တာလို့ပဲ နားလည်ပါတယ်။ ဒီဒကာကြီး ပြောတဲ့ စကားအတွက် NLD ပါတီက တာဝန်ယူဖို့ လိုတယ်။ ကာယကံရှင်အနေနဲ့ ရဟန်းသံဃာတွေကို ပြန်ပြီး ၀န်ချတောင်းပန်ဖို့ လိုတယ်။ ဘုန်းကြီးတို့အနေနဲ့ NLD ပါတီကလုပ်နေတဲ့ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံတဲ့ ကိစ္စမှာ ဘာမှ ၀င်ပြီး ဝေဖန်တာ မလုပ်ခဲ့ဘူး။ ဘုန်းကြီးတို့ကို လာမေးတဲ့ ဒကာ၊ ဒကာမတွေကိုတောင် မိမိသဘောဆန္ဒနဲ့ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ခုဟာက ဘုန်းကြီးတို့ လ်ုပနေကိုင်နေတာတွေကို ရှုတ်ချဝေဖန်တာတွေ လုပ်လာတာကတော့ တရားလွန်လာပြီလို့ပဲ ပြောရမှာပဲ။ ဒါကြောင့် ကာယကံရှင် ဒကာကြီး မျိုးရန်နောင်သိမ်းနဲ့ NLD ပါတီအနေနဲ့ သံဃာတော်တွေကို၊ ဆရာတော်ကြီးတွေကို ၀န်ချတောင်းပန်ဖို့ တောင်းဆိုလိုပါတယ်” ဟု အင်းစိန်ရွာမ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

“ကျွန်တော်ကတော့ ခုလို ပြောတဲ့သူကိုယ်တိုင် ဘယ်လိုလူမျိုးလဲ ဆိုတာ သတိပြုကြဖို့ ပြောချင်တယ်။ နှမချင်းမစာနာ ကျူးလွန်ခဲ့တဲ့ အရှုတ်အရှင်းတွေ အပုပ်နံ့ထွက်နေတဲ့ ဒီလိုလူတစ်ယောက်က အမျိုး ဘာသာ သာသနာတော်ကို စော်ကားတာကိုတော့ ရင်နာမိတယ်။ မတန်မရာ ဝေဖန်တဲ့ လုပ်ရပ် လို့ပဲ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ ခုလို စော်ကားနေတာ ခုမှ မဟုတ်ဘူး။ ကျွန်တော်တို့ စောင့်ကြည့်နေတာ ကြာပြီ။ ခုဆို ပိုပိုပြီး ဆိုးလာတယ်။ NLD ပါတီက သိသိနဲ့ လွှတ်ပေးထားတာ ဒါမှမဟုတ်ရင် NLD ပါတီက အခုလို လုပ်ခိုင်းထားတဲ့ သဘောမျိုး ဖြစ်နေတာ ထင်ရှားတယ်။ ဒါဟာ NLD ပါတီက သံဃာတော်တွေကို စော်ကားလိုက်တာပဲ။ ဒီလိုပဲ ကျွန်တော်တို့ ယူဆရမှာပဲ။ အမြန်ဆုံးတောင်းပန်ဖို့ ကျွန်တော်တို့ တောင်းဆိုသွားမယ်။ မတောင်းပန်ဘူး ဆိုရင် NLD ပါတီဟာ အမျိုး ဘာသာ သာသနာကို စော်ကားတဲ့ နိုင်ငံရေးပါတီ ဖြစ်ကြောင်း ကျွန်တော်တို့ ကြေညာမယ်။ သံဃာတော်တွေအပါအ၀င် NLD ပါတီကို ဒဏ်ခတ်ဖို့ ကြိုးပမ်းသွားမယ်။ ဘယ်လိုပဲ ပြောပြော NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်။ ကိုယ့်ပါတီဝင်တွေ ဒီလိုမျိုး စော်ကားမော်ကား လုပ်နေတာတွေကို လျစ်လျူရှုနေခြင်းဟာ အလိုတူအလိုပါ ဆိုတဲ့ သဘောကို ပြသနေတယ်” ဟု မန္တလေးမြို့ မဘသအဖွဲ့ဝင် ဦးဆောင်လူငယ်တစ်ဦးက ပြောသည်။

“မြန်မာတွေ အလုပ်သွားလုပ်နေတဲ့ ဆော်ဒီမှာ မြန်မာမိန်းကလေးတွေကို မယူရဘူး အမိန့်ထုတ်တယ်။ မလေးရှားမှာ မြန်မာတွေ လူမသိသူမသိ အသတ်ခံရတယ်။ ဘရူနိုင်းမှာ ရှီးယားလော ပြဌာန်းပြီး သူ့ဘာသာအတွက် ဆောင်ရွက်နေတယ်။ NLD ပါတီ ဘာတစ်ခွန်း ပြောခဲ့သလဲ။ မလေးရှားမှာ မြန်မာတွေ ဒုက္ခရောက်တော့ သီတဂူဆရာတော်ကြီး ကိုယ်တိုင် သွားရောက်ပြီး ကူညီခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဘာတစ်ခု ကူညီခဲ့ဘူးသလဲ။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အမျိုးသားရေး အင်အားစုတွေပဲ ကူညီစောင့်ရှောက်ခဲ့တာ။ NLD ပါတီ အသံတောင် မကြားရဘူး။ နိုင်ငံအတွက် လိုအပ်ချက်အရ သံဃာတော်တွေ စုစည်းပြီး ကြိုးပမ်းနေတာဟာ သံဃာတော်တွေ အကျိုးတစ်ခုမှ မပါဘူး။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးမစကား ပြောထားပြီးသား။ ဒါကို NLD ပါတီက ခုလို လုပ်လာတာဟာ ကိုယ်တိုင်ကိုယ်ကျ နာယူထားတဲ့ ရွာမဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားတယ်။ ဆရာတော်ဘုရားကြီးလည်း စိတ်မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ကတိ မတည်ဘူး ဆိုပြီး စိတ်နွမ်းနေတယ် လို့ သိရှိရတယ်။ သူ ပြောထားပြီးရဲ့နဲ့ ခုလို ထပ်ပြီး စော်ကားလာတာကိုတော့ ကျွန်တော်တို့ သည်းမခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒီကိစ္စကို ကြေကြေလည်လည် ဖြစ်အောင် ပြန်ဖြေရှင်းမှ တောင်းပန်မှ ကျွန်တော်တို့ ကျေနပ်နိုင်မယ်။ NLD လုပ်ပေါက်က ခဏခဏ ရှိနေပြီ။ ဒီတစ်ခါတော့ ကျွန်တော်တို့ အပြတ် စိန်ခေါ်သွားမယ်” ဟု အမျိုးသားရေးကွန်ရက် National Network မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

မျိုးရန်နောင်သိမ်းသည် ဗေဒါအင်စတီကျုကို ထူထောင်ထားပြီး NLD ပါတီ၏ သုတေသနမှူး အမည်ခံကာ ပါတီပြောရေးဆိုခွင့် ရှိသူများကို ကျော်လွန်ကာ ပါတီမူဝါဒများကို ပြည်သူအများသိရှိအောင် ဟောပြောစည်းရုံးနေသူ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယုံကြည်အားကိုးရသူတစ်ဦး ဖြစ်၍လည်း ဤမျှအထိ တင်းမာနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဂုဏ်ဆောင်မဲ့ အလှမောင်လာပြီ



မြန်မာပြည်က အလှမယ်တွေအကြောင်း ဟိုလူတင် ဒီလူတင်နဲ့ အလှမယ်တစ်ယောက်ဆို
မြန်မာပြည်သူတော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ အလှမောင်တွေကိုတော့ တင်သူနည်း ကြလို့ ဂုဏ်ယူစရာ မြန်မာ့အလှမောင်တွေအကြောင်း လူသိနည်းလှပါတယ်။ အခု အလှမောင်တစ်ယောက် အကြောင်း ပထမဆုံးအဖြစ် တင်ပေးလိုက်ပါတယ်။ သူကတော့သြဂုတ်လ ၂၇ ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဟောင်ကောင်မှာ ကျင်းပမည့် အာရှမောင် Mr. Asia 2014 ပြိုင်ပွဲဝင် မောင်မျိုးထွဋ်နိုင် ဖြစ်ပါတယ်။  မိုးကုတ်သားလေးတစ်ယောက်ဖြစ်ပြီး မိုးကုတ်သူမိုးကုတ်သားတို့ရဲ့ ထုံးစံအတိုင်း စမတ်ခပ်ကျကျပါပဲ ။ အရပ်ကတော့ ၆ ပေ ၃ လက်မ
ရှိပြီး တကယ့်ကို မြန်မာလူမျိုးတွေထဲက ရှားပါးအရပ်ပဲဖြစ်ပါတယ်။ အသက် ၂၀ ငယ်ငယ်ရွယ်ရွယ်နဲ့
ပညာအရည်အချင်းကလည်း B.A (English) ဆိုတော့ ရုပ်လေးကလည်းခန့်။ ဘော်ဒီကလည်းတောင့်နဲ့
မြန်မာမလေးတွေကြားမှာ ကျလောက်တဲ့ သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ကဲ အလှမယ်တွေအကြောင်း
သာ ပေါပေါများများ ဖတ်ရပေမဲ့ အလှမောင်အကြောင်း ရေးကြတဲ့သူတွေ မရှိလို့ အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။

Mr. Asia Myanmar 2014 ( Myo Htut Naing).
Age - 20
Height - 6ft 3in
Education - B.A (English)
Hometown - Moegok
National Race - Shan-Myanmar

.. www.MyanmarExpress.net

KIA နှင့် ဘင်္ဂါလီ နှောက်ယှက်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်



ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေးလူဦးရေ စာရင်းကို သြဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၉၇ ရွာမှ လူဦးရေစာရင်းကို ခန့်မှန်းထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရှေ့ပြေး ထုတ်ပြန်မည့် တစ်နိုင်ငံလုံး လူဦးစာရင်းသည် သန်းခေါင်စာရင်း ကောက်ကွက်များမှ စာရင်းများ၊ မွေးစာရင်း၊ သေစာရင်းများအရ ခန့်မှန်းထုတ်ပြန်ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အတိအကျကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။

.. www.MyanmarExpress.net

မိန်းကလေးများရဲ့ ပေါင် ၂ လုံးကြားကြည့်ပြီး မိန်းမ ပီသမှု ရှိ မရှိ စမ်းသပ်နည်း


ဒီစမ်းသပ်နည်းက ၂၀၁၃ မှာ အင်တာနက်မှာ ခေတ်စားခဲ့တဲ့ စမ်းသပ်နည်းဖြစ်ပါတယ်။ မနေ့က ဖြော်ပပေးခဲ့တဲ့ တရုတ်ပြည်မှာ ခေတ်စားနေတဲ့ရုပ်ချော၊မချော စမ်းသပ်နည်းကို ပြောရင်း သတိရသွားလို့ ဒီနေ့ မိန်းမ ပီသမှု ရှိမရှိ ဘယ်လို စမ်းသပ်ရမလဲ ကြည့်ရအောင်နော်။

အဲဒီစမ်းသပ်နည်းကိုတော့ Thigh Gap လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ပေါင်တစ်ခုနဲ့ တစ်ခုကြားက အကွာအဝေးကို ကြည့်ပြီး စွဲဆောင်မှု ရှိမရှိ စမ်းသပ်နည်းလို့ ပြောရမှာပေါ့။ ပေါင်နှစ်လုံးကြား ကွာဟနေတာကို တိုင်းတာတဲ့။ ပုံမှာ ပြထားတဲ့အတိုင်း မတ်တတ်ရပ် ခြေဆန့်ပြီး၊ ဒူးချင်း ထိထားချိန်မှာ ပေါင်အတွင်း နှစ်ဖက်က ကွာဟနေတာကို ကြည့်ပါတယ်။ ပေါင်အတွင်းသားတွေ ထိနေရင် ဆွဲဆောင်မှုနည်းတယ်လို့ သတ်မှတ်ပြီး ကွာနေရင်တော့ Femininity မိန်းမပီသတယ်၊ Fragility ကွဲကျေလွယ်တယ်လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။

ပေါင်နှစ်ဖက်ကြားက အကွာအဝေးကျယ်လေ စွဲဆောင်မှု ရှိလေ၊ ကိုယ်လုံးလှလေ လို့ပြောကြပြီး သူမကို ချောတယ်၊ စွဲဆောင်နိုင်တဲ့ ကိုယ်လုံးရှိတယ်လို့ ပြောနိုင်ပါတယ်။ ပေါင်အတွင်းသားတွေ ထိနေရင်တော့ အဆီပိုတွေ ရှိနေပြီး ကြည့်မကောင်းဘူးလို့ ပြောနိုင်ပါတယ်။

အလှမယ် ပြိုင်ပွဲတွေမှာ ဘာကြောင့် ဘီကနီဝတ်ပြီး ပြိုင်ရလဲ လို့ ပြောရင် အခုပြောပြခဲ့တဲ့ Thigh Gap ကိုကြည့်ပြီး ဘယ်လောက် မိန်းမပီပီ စွဲဆောင်မှု ရှိမရှိ သိဖို့အတွက် ဖြစ်မယ်လို့ ယူဆမိပါတယ်။


World-Myanmar News

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုတွင် ပထမဆုံးရေငုပ်ရှာဖွေခဲ့သော ရေငုပ်သမား၏ ပြောဆိုချက်



ရန်ကုန်မြို့နှင့် မလှမ်းမကမ်း မြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ်ခဲ့သော နှစ်ပေါင်း ၄ဝဝ ခန့် ကြာမြင့်ပြီ ဖြစ်သည့် ဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို သြဂုတ် ၁ဝ ရက်တွင် ဒုတိယအကြိမ် ရေငုပ်သမား များဖြင့် ရှာဖွေလျက်ရှိရာ သာကေတ မြို့နယ် ရှုခင်းသာနှင့် အေးရှားပွိုင့် ဘိုးလင်းစင် တာဝင်း အနောက်ဘက်ကမ်း မှ လာရောက်ကြည့်ရှု လေ့လာသူ များပြားလျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးတွင် ဦးစံလင်းက ဦးဆောင်၍ ဆလုံ ရေငုပ်သမားများ၊ ကော့သောင်းမှ ရေငုပ်သမားများနှင့် တပ်မတော်မှ ရေငုပ်စစ်သည်များ အပါအဝင် စုစုပေါင်း လူအင်အား ၈ဝ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် ခေါင်းလောင်း ဆယ်ယူမည့် နေရာသည် မြစ်လယ်၌ ရှိပြီး သြဂုတ် ၁ဝ ရက်တွင် ပထမနေ့ အဖြစ် စတင်ကာ နံနက် ၁၁ နာရီခွဲတွင် မြစ်ရေတက်ပြီး ရေလည်ချိန် ၁၂ နာရီတွင် တစ်ကြိမ်၊ ရေပြည့်ချိန် ၂ နာရီတွင် တစ်ကြိမ် ငုပ်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ဒုတိယနေ့ အဖြစ် အဆိုပါ အချိန်ဇယား အတိုင်း ထပ်မံငုပ်ခဲ့ကြောင်း ထိုခေါင်းလောင်း ဆယ်ယူရေး စီမံကိန်းမှ သိရသည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ၁၉၈၈ ခုနှစ် မတိုင်မီ ပထမဆုံး ပုဂ္ဂလိက သီးသန့်တူးဖော်ခြင်း အဖြစ် ရှာဖွေခဲ့သော ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသနဌာနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန မြန်မာ့သမိုင်း အဖွဲ့မှ ပါမောက္ခ(ငြိမ်း) ဦးကျော်က ''ကျွန်တော်တို့အဖွဲ့က ၁၂ ဦး အဖွဲ့ဖြစ်ပြီး ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်းကြီး ရှိခဲ့တာလည်း မှန်ကန်ကြောင်း၊ မြစ်ဆုံမှာ နစ်မြုပ်ခဲ့ပြီး ဆယ်ယူမည့်သူ မရှိခဲ့တာလည်း မှန်ကန်တဲ့အတွက် ၁၉၅၂-၅၃ ခုနှစ်မှာ နိုင်ငံတော် အကြီးအကဲထံ တူးဖော်ရှာဖွေခွင့် စာတင်ပြီး ပထမဆုံး ဆယ်ယူရေး လုပ်ခဲ့ကြပါတယ်'' ဟု ပြောကြားသည်။

''အဲဒီဆယ်ယူရေးမှာ သုံးပတ်ကြာပြီး ရေအောက်မှာ သင်္ဘောပျက်လို တွေ့ခဲ့ရတယ်။ ''တစ်ရက်မှာတော့ သင်္ဘောပျက် တွေ့ခဲ့ပြီး ဘေးမှာ ဂျင်ပုံလို့ ထင်ရတဲ့ မြေဝါကျောက် စရစ်တွေ ဖုံးအုပ်နေတဲ့ အရာတစ်ခုကို နင်းမိ စမ်းမိကြောင်း ရေနောက်ကျိနေတဲ့ အတွက် ရှင်းရှင်းလင်းလင်းတော့ မတွေ့ရပါဟု ကျွန်တော်တို့ အဖွဲ့ရဲ့ ရေငုပ်သမား တစ်ဦး ပြောလာတဲ့ အတွက် သေချာသိရအောင် ကျွန်တော်ကိုယ်တိုင် ဆင်းပြီး ငုပ်ခဲ့ပါတယ်။ အဲဒီအခါ ရေအောက်မှာ ရေစီးသန်ပြီး ရေတွေက နောက်ကျိနေတော့ ကိုင်စရာမရှိတဲ့ အတွက် ထိုဂျင်ပုံသဏ္ဌာန် အဝိုင်းကို ကိုင်တွယ်စဉ် ချော်သွားပါက သူ့ရဲ့နံဘေးမှာရှိတဲ့ သင်္ဘောပျက်အတွင်း ကျသွားရင် ပြန်ထွက်ဖို့ မလွယ်ဘူး၊ အောက်ခြေအထိ ငုပ်ရန်လည်း မလွယ်ကူတာကြောင့် ပြန်တက်ခဲ့ပါတယ်'' ဟု ပြောသည်။

အဆိုပါ ရေငုပ်သမား၏ ထပ်မံပြောကြား ချက်အရ ရေငုပ်ခဲ့စဉ် ထွေထွေထူးထူးတွေ့ ကြုံခဲ့မှုမရှိဘဲ ခေါင်းလောင်းလို့ ယူဆရသော ဂျင်ပုံသဏ္ဌာန် အလုံးကြီးနှင့် စီဘီပျက် (သင်္ဘောပျက်) ရှိနေတာကတော့ အခိုင်အမာ ဖြစ်ကြောင်း ရွှေဆင်းတု ရုပ်ပွားတော်တွေနဲ့ ရတနာပစ္စည်းတွေ၊ အခြားခေါင်းလောင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကိုတော့ မတွေ့ခဲ့ရကြောင်း ဦးကျော်၏ ပြောကြားချက် များအရ သိရသည်။

နာဂစ်မုန်တိုင်း အပြီးတွင် ရန်ကုန်မြစ်ကြောင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် သင်္ဘောပျက်များ ရှာဖွေဆယ်ယူရေး၌ အမေရိကန် ခေတ်မီ သင်္ဘောများဖြင့် ဆယ်ယူခဲ့မှုများတွင် အဆိုပါ ခေါင်းလောင်းနှင့် ပတ်သက်၍ မည်သည့် အချက်အလက် တစ်စုံတစ်ရာမှ မတွေ့ရကြောင်း သိရသည်။ ရေငုပ်သမား ဦးကျော်တို့အဖွဲ့ ဆယ်ယူပြီးနောက် ထပ်မံ၍ အဖွဲ့(၁၂)ဖွဲ့ ဆယ်ယူခဲ့ပြီး ပြည်ပမှ အဖွဲ့(၃)ဖွဲ့ ပါဝင်ကြောင်း သိရသည်။ အစိုးရသစ် လက်ထက် ယခုနှစ်ဆန်းပိုင်းတွင် ကျိုက်ထီးဆောင်း ဆရာတော်ကြီးမှ ရှာဖွေခဲ့ပြီး ယခုအခါ ဦးစံလင်းမှ ထပ်မံရှာဖွေ ဆယ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသည်ဟု ယူဆရသော မြစ်ဆုံနေရာတွင် အင်္ဂလိပ် လက်ထက်၌ ပုစွန်တုပ်ကွေး ခေါင်းပိုင်း ပေါ်နေပြီ ဟူ၍ ပြောဆိုခဲ့ဖူးကြောင်း၊ အင်္ဂလိပ်နှင့် ရုရှားမှ သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းများဖြင့် ရှာဖွေ ထောက်လှမ်းခဲ့ရာတွင် သံထည်ပစ္စည်း ရှိကြောင်း သိရှိခဲ့ပြီး သင်္ဘောပျက်များ ရှိသည်ကိုလည်း လက်ခံကြောင်း၊ ပြည်ပ အကူအညီဖြင့် ခေါ်ယူကာ တူးဖော် မည်ဆိုလျှင် ငွေကြေးကုန်ကျမှု များပြားနိုင်ပြီး စင်ကာပူ ကုမ္ပဏီမှ အကုန်အကျခံ၍ တူးဖော် ရေး ကိစ္စအား ညှိနှိုင်းခဲ့ရာ တောင်းဆိုချက်များ များပြားသည့်အတွက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သမိုင်း သုတေသန၏ အစီအစဉ်ဖြင့်သာ ရှာဖွေလေ့လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမျိုးသမီး ဒီမိုကရေစီ အဖွဲ့ချုပ်အဖြစ်သို့ အမည်ပြောင်းလဲ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသမီးဒီမိုကရေစီ အဖွဲ့ချုပ်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းအား ယခုအပါတ်ထုတ် မော်ဒန်ဂျာနယ်တွင် တွေ့ရမည်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင်  ပညာရေး ဥပဒေကြမ်းမဲခွဲကြသည့်အခါ
ဒီချုပ်အမတ်တယောက်မှ  "ကျောင်းဆရာ " ဆိုတဲ့စကားလုံးအစားပညာသင်ကြားပိုချသူလို့သုံးသင့်ကြောင်း သို့ မှသာအားလုံးအကြုံးဝင်မည်ဖြစ်ကြောင်း ဆရာဟုသုံးပါက ဆရာမများကျန်ခဲ့မည်ဖြစ်ကြောင်း ကန့်ကွက်ခဲ့ပြီးနောက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသမီးဒီမိုကရေစီ အဖွဲ့ချုပ်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြည်သူအများက သုံးသပ်နေကြသည်။

ပွင့်လင်းမြင်သာစပြုလာပြီဖြစ်သည့် မြန်မာ့မီဒီယာလောက

မိတ်ဆွေ...အောက်ကပုံတွေကြည့်ပြီး သင့်ကိုယ်သင် porn site တွေများရောက်သွားသလား
မော်ဒယ် page တွေများ ရောက်သွားသလားလို့ မထင်လိုက်ပါနှင့်။

လက်ရှိ ပြည်တွင်းတွင် တရားဝင်ထုတ်ဝေနေသော 8 days journal ရဲ့
ယခုအပါတ်ထုတ်မှာ ဖော်ပြထားတဲ့ပုံတွေပါ။ စာပေလွတ်လပ်ခွင့်မရှိဘူး၊
စာနယ်ဇင်းဖိနှိပ်မှုရပ်လို့ တွင်တွင်အော်နေသော်လည်း စာပေလွတ်လပ်ခွင့်နဲ့ထိုက်တန်ရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။
ညို့ magazine တုန်းကလည်း စာပေလွတ်လပ်ခွင့်ရပြီဆိုပြီး အမေ၊ နှမ ၊
 မောင်နဲ့ သားသမီး အတူကြည့်လို့မှ မသင့်တော်တဲ့ပုံတွေနဲ့ ထုတ်ဝေခဲ့တဲ့အတွက်
ပိတ်သိမ်းခဲ့ရတာလည်း အားလုံးအသိဖြစ်မှာပါ။

အခုလည်း လာပြန်ပါပြီနောက်တစ်စောင်။ တိုးတက်ပွင့်လင်းလာတဲ့ခေတ်ကြီးမှာ
ဒါတွေဟာ ဘာမှမဆန်းဘူးဆိုပေမယ့်လည်း ဒါဟာ မြန်မာနိုင်ငံပါ။
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရာဝင် ပြဌာန်းထားတဲ့ နိုင်ငံတစ်ခုပါ။
အမေနဲ့သား၊ မောင်နဲ့နှမ အတူတွဲဖတ်လို့ မသင့်တော်တဲ့ဒီပုံတွေနဲ့ ပရင့်မီဒီယာတွေပေါ်ရောက်လာတဲ့နောက် ဒီဂျာနယ်တွေဟာ
နေရာအနှံ့အပြားကိုရောက်သွားကြမှာပါ။

မြန်မာမီဒီယာလောကရဲ့အဆင့်အတန်းကို
အစိုးရက ဘာမှထိန်းချုပ်နေတာမဟုတ်ပါဘူး..
သူတို့ကိုယ်တိုင်ပဲ ပုံဖော်နေတာပါ။
စာပေလွတ်လပ်ခွင့်..လွတ်လပ်ခွင့်လို့ တစာစာအော်နေသော်ငြားလည်းပဲ
၎င်းတို့ကိုယ်တိုင်ကိုယ်က ကျင့်ဝတ်နှင့်မညီရင်တော့
 ပြည်သူတွေကပဲ ၄င်းတို့၏ အဆင့်အတန်းနှင့် ဖြစ်တည်မှုကို အဆုံးအဖြတ်ပေးသွားရတော့မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။




Friday, 8 August 2014

လူငယ်နှင့် Sex မရှက်နဲ့

ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။

ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။

သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမ တဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။

“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။

ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။

ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။

သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။

မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။

အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။

Sex ကိစ္စ တခုတည်း မဟုတ်ပါ

အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။

“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။

သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နားမလည်ကြောင်း ပြောသည်။

“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့ အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။

မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။

၈ တန်းကျောင်းသူ ဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့်အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။

လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။

လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။

အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။

ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။

မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။

“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။

အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။

“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။

၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။

ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။

“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။

ဘယ်လိုပဲ ခေါ်ခေါ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။

“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။

“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”

“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။

လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။

မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။

“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။

ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။

ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။

HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။

လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။

အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။

မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်” ဟု မဖြူဖြူဝင်းက ပြောသည်။
From: ဧရာဝတီ

www.mmdailystar.com

မိန်းကလေးများ သတိထားရမည့် နည်းပညာထောင်ချောက်

နည်းပညာခေတ်တွင် ဆိတ်ကွယ်ရာမရှိဟူသော အချက်ကို အမျိုးသမီးတိုင်း အမြဲသတိရနေရန် အရေးကြီးသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာ သည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။

မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကို တလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။

ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင် ရပြီး သက်ဆိုင်သူမိန်းကလေး ငယ်အချို့ ဘဝတစ်လျှောက်လုံး ဦးတည်ချက်ပျောက်သွားသည့် အပြင် မိသားစုဆွေမျိုး အသိုင်း အဝိုင်းအတွင်း တစ်သက်တာ ခေါင်းမဖော်ဝံ့အောင် လက် မြှောက် အရှုံးပေးလိုက်ရသူများ လည်း ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်တစ်ခုတွင် နေထိုင်သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းက မိဘများ သဘောတူ လက်ထပ်ပေးခဲ့သည့် အမျိုးသားနှင့် အိမ်ထောင်တစ်ခုထူထောင်ခဲ့ပါသည်။ အိမ်ထောင်ကျပြီး သုံးလခန့်အကြာတွင်တော့ ၎င်းနှင့် အခြားအမျိုးသားတစ်ဦး လိင်ဆက်ဆံနေသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါဖိုင်တွင် ၎င်း၏ နာမည်နှင့် လက်ရှိသုံးနေသည့် ဖုန်းနံပါတ်ပါ ဖော်ပြထားပြီး ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူဖြစ်ကာ လိုအပ်ပါက ခေါ်ဆိုနိုင်ကြောင်း ရေးသားထားသည်။

နောက်ဆက်တွဲ ရလဒ်က တော့ ကြေကွဲစရာ ကောင်းပါ သည်။ အိမ်ထောင်သည်အမျိုး သားနှင့် ကွာရှင်းပြတ်စဲခဲ့ရသလို ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တစ်ခု လပ်ဘဝ ရောက်ခဲ့ရသည်။ ဗီဒီယို ဖိုင်မှာ ၎င်း အသက်(၁၈)နှစ်အ ရွယ် လွန်ခဲ့သည့်လေးနှစ်ခန့်က လက်တွဲခဲ့သည့် ချစ်သူအမျိုးသား က တည်းခိုခန်းတစ်ခုတွင် အတူ နေကြစဉ် အမှတ်တရအဖြစ် သိမ်းဆည်းထားချင်သည်ဆိုသော ကြောင့် ဖုန်းကင်မရာဖြင့် ရိုက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအိမ်ထောင် ကျပြီးနောက် အင်တာနက်ပေါ်သို့ အတင်ခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးကိုယ် တိုင် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ချစ်သူကို ယုံကြည်မှုလွန်ကဲ မိရာက မှားယွင်းခဲ့သည့် လွန်ခဲ့ သော လေးနှစ်ခန့်က ဖြစ်စဉ်တစ် ခုကြောင့် ကာယကံရှင်အမျိုးသမီးမှာ ဂုဏ်သိက္ခာပိုင်းအရ နေထိုင် ရာ ပတ်ဝန်းကျင်တွင် ရပ်တည်၍ မရတော့အောင် ရင်ဆိုင်ခဲ့ရသော်လည်း ကျူးလွန်သူအမျိုးသားကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီး၍မရခဲ့ပါ။ အဆိုပါအမှုမှာ တည်ဆဲဥပဒေများအရ ရဲအရေးမပိုင်သည့် အမှုဖြစ်နေခြင်းကြောင့် တရားရုံးသို့ သာ ဦးတိုက်လျှောက်ထားခဲ့ရ သည်။ ၎င်းအား ညစ်ညမ်းသောပုံများ ဖြန့်ဝေသည့် ဥပဒေပုဒ်မ ၂၉၂(က)နှင့် အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ဖြင့်သာ တရားစွဲဆိုခဲ့သည်။ အမျိုးသမီးငယ်တစ်ဦး ဂုဏ်သိက္ခာနှင့် ဘဝကစဥ့်ကလျားဖြစ်စေသည်အထိ ကျူးလွန်ခဲ့သူ၏ ပြစ်ဒဏ်မှာ ဤမျှလောက်နှင့် ထိုက်တန်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

‘‘ဒီလိုအမှုတွေက လက်ရှိ ရောက်နေတဲ့ ခေတ်အခြေအနေ နဲ့ ဆိုင်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက်ကဆွဲခဲ့တဲ့ တချို့ဥပဒေတွေက ဒီဘက်ခေတ်မှာ သိပ်အံမဝင်တာတွေရှိတယ်။ တချို့နေရာတွေမှာ ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေးထားသလို ဖြစ်နေတယ်’’ဟု ဦးမြင့်အေးက လက်ရှိ တည်ဆဲဥပဒေအချို့အပေါ် ထောက်ပြဝေဖန်သည်။

အဆိုပါမှုခင်းမျိုးကို ဆိုက် ဘာပြစ်မှု (Cyber Crime)အဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး လက်ရှိ ပြည်တွင်း၌ အဆိုပါမှုခင်းမျိုး အ များအပြား ဖြစ်ပွားနေသည်ကို သိရှိသော်လည်း အကြောင်းအမျိုး မျိုးဖြင့် ရဲတပ်ဖွဲ့သို့ လာရောက် တိုင်ကြားမှု အလွန်နည်းနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် ရဲမှူးချုပ်ဝင်းခေါင်က ရန် ကုန်မြို့ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် (UMFCCI)တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လူတိုင်းသိခဲ့ပြီး သတင်းစာ စာမျက်နှာများပေါ်အထိ ရောက် ခဲ့သည့် အနုပညာရှင်အချို့နှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားအချို့၏ ဗီဒီယိုဖိုင်များတွင်လည်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိခဲ့သော ကြောင့် လက်ရဲဇက်ရဲရှိပြီး နည်း ပညာကို တလွဲအသုံးချမည့်သူ များအား တွန်းအားပေးသလိုဖြစ်ခဲ့ သည်။ ကာယကံရှင်မိသားစုများ မှာ နေရပ်ကို စွန့်ခွာတိမ်းရှောင် သွားရသည်အထိ သက်ရောက်မှု ကြီးမားခဲ့သော်လည်း အချို့စီးပွား ရေးသမားများမှာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့် ရုပ်/သံဖိုင်များကို ကူးယူ၍ ဗီဒီယိုခွေအဖြစ် ရောင်းဝယ်ဖြန့်ကားပြီး စီးပွားဖြစ်ခဲ့ကြပါသည်။

‘‘အဓိကကတော့ ကိုယ့်ချစ် သူဖြစ်စေ၊ ကိုယ့်အမျိုးသားပဲဖြစ် စေ အဲဒီလိုကိစ္စတွေမှာ ယုံကြည်မှု မလွန်ကဲဖို့လိုတယ်။ ချစ်သူကို ချစ်တိုင်း အလိုမလိုက်သင့်ဘူး။ တစ်နေ့မှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဒုက္ခရောက်နိုင်တယ်’’ဟု အမျိုး သမီးအရေး ဆောင်ရွက်သူ ရန်ကုန် နိုင်ငံရေးသင်တန်းကျောင်းမှ ဒေါ်ဇင်မာအောင်က ပြောပါသည်။

ထို့အပြင် နှစ်ဦးတည်းသာ သိသင့်သည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စကို အများပြည်သူထံ ဖွင့်ချပြသူကို ထိထိရောက် ရောက် အရေးယူသင့်ပြီး လက်ရှိ အနေအထားများအရလည်း အ မျိုးသမီးများ၏ အခွင့်အရေးအ တွက် အကာအကွယ်ပေးသည့် ဥပဒေမှာ အားနည်းချက်များရှိနေ ကြောင်း ၎င်းကသုံးသပ်သည်။

‘‘မြန်မာ့ဆိုရိုးစကားလည်းရှိ နေပါတယ်။ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ မျိုးလေ။ ဒါကြောင့် မိန်းကလေး တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေတတ်ဖို့လိုတယ်။ မဟုတ်ရင် တော့ တစ်ဘဝစာ နောင်တရ သွားရလိမ့်မယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်း က သတိပေးပါသည်။

အင်တာနက်စာမျက်နှာများ တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံအများစုမှာ ဖုန်းကင်မရာ ဖြင့် အများဆုံးရိုက်ကူးထားပြီး ဖုန်းအသုံးပြုသူ သန်းနှင့်ချီ၍ ရှိ နေချိန်တွင် ရဲတပ်ဖွဲ့သို့ တိုင်သည့် Cyber မှုခင်းမှာ ခြောက်မှုသာရှိ ကြောင်း ပြည်ထဲရေးဌာနမှ သ တင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖြစ် ခြင်းမှာ ကာယကံရှင်အများစု သည် ရာဇဝတ်မှုမြောက်ကြောင်း နားမလည်သောကြောင့် အမှုမ ဖွင့်ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဝင်း ခေါင်က ပြောသည်။

ထို့အပြင် ဥပဒေအရ အသိ ပညာအားနည်းခြင်းအပြင် ဆိုက် ဘာမှုခင်းများနှင့် ပတ်သက်၍ ရဲ တပ်ဖွဲ့သို့ တိုင်ကြားပါက ဖြေရှင်းရန် ခက်ခဲနိုင်ပြီး နည်းပညာသဘောတရား နားမလည်ခြင်းများက ရဲတပ်ဖွဲ့သို့ မတိုင်ကြားခြင်း၏ အခြေခံအချက်များ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ကြားခဲ့သည်။

လူ့အဖွဲ့အစည်းအတွင်း ထို ကဲ့သို့ ဖြစ်စဉ်များပေါ်ပေါက်လာ ပါက ယဉ်ကျေးမှုစံနှုန်းများအရ လူသိမခံချင်ကြသောကြောင့် ကာယကံရှင်များက ရဲတပ်ဖွဲ့သို့ မ တိုင်ကြားခြင်းမှာ လူမိုက်အားပေး သလိုဖြစ်နေကြောင်း အထက် တန်းရှေ့နေ ဦးခင်ဇော် (မရမ်း ကုန်း)က ပြောသည်။ ထို့အပြင် အဆိုပါအမှုမျိုးအား ဥပဒေပညာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ထိထိမိမိတိုင်ကြားသင့်ကြောင်း ၎င်းက အကြံပေးသည်။

‘‘မြန်မာနိုင်ငံမှာ Cyber Crime Law မထွက်သေးပေမယ့် အဲဒီလိုမှုခင်းတွေမှာ ထိထိရောက် ရောက် တိုင်လို့ရတဲ့ အခြေအနေ တွေရှိပါတယ်။ ပြည်ထဲရေးက အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဆီမှာ တရားစွဲဆိုခွင့်တောင်းပြီး အမှုဖွင့်လို့ရတယ်။ ဒါကို နားလည်ဖို့လိုတယ်’’ဟု ဦးခင်ဇော်(မရမ်း ကုန်း)က ပြောသည်။

အီလက်ထရွန်နစ် ဆက် သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့သည် ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားကာ ပြည်ထဲရေးဝန်ကြီး ဌာန အရာရှိများအပါအဝင် နည်းပညာကျွမ်းကျင်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားပြီး ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အ်ီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပ ဒေဖြင့် အမှုဖွင့်စစ်ဆေးပေးနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းစိန်က ပြောသည်။

သို့သော် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီး ကြပ်မှုအဖွဲ့မှ တရားစွဲဆိုခွင့်ပြုရန် စိစစ်ရာတွင် ခွင့်ပြုချက်ရရန် အ ချိန်ပေးရခြင်းနှင့် ယခုကဲ့သို့ တိုင် ကြား၍ ရသည်ကို လူအများစု မသိကြခြင်းသည် ရဲတပ်ဖွဲ့သို့ Cy-ber မှုခင်းများ မတိုင်ကြားကြခြင်း ၏ အဓိကအကြောင်းရင်း ဖြစ်နေ ပါသည်။ ဥပမာဆိုရလျှင် ရဲတပ် ဖွဲ့သို့ တိုင်ခဲ့သည့် Cyber မှုခင်း အချို့အနက် ၂၀၁၂ ခုနှစ်က ရန်ကင်းမြို့တွင် ဖြစ်ခဲ့သည့်အမှုမှာ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သို့ တရားစွဲဆိုခွင့် တင်ပြထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက်မကျသေးကြောင်း ယင်းအမှုနှင့် နီးစပ်သည့် ရဲအရာရှိကြီးတစ်ဦးက ပြောပြသည်။

မည်သို့ပင်ဖြစ်စေ နည်း ပညာကို တလွဲအသုံးချသူတို့၏ သားကောင်များဖြစ်ခဲ့ရသည့် မိန်း မသားအများစုကတော့ ဥပဒေ၏ အကာအကွယ်ကိုမရရှိဟု ယုံ ကြည်နေကြပါသည်။ အင်တာ နက်စာမျက်နှာများပေါ်တွင် လက်ရှိ ရှိနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များတွင်လည်း မသမာသူ တို့က နည်းအမျိုးမျိုးဖြင့် ရိုက်ကူး ထားသည့် မြန်မာအမျိုးသမီးအ ချို့၏ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အလွယ်တကူရှာဖွေကြည့်ရှုနိုင် နေသည်။ နာမည်မျိုးစုံဖြင့် အသုံး ပြုနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များစွာ ရှိနေသည်။ ညစ် ညမ်းဝက်ဘ်ဆိုက်အချို့ဆိုလျှင် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်း ဝတ် စုံဝတ်ထားသည့် အမျိုးသမီးဓာတ် ပုံများ တင်ထားပြီး လုပ်ဖော်ကိုင် ဖက်အချင်းချင်း ဖုန်းကင်မရာဖြင့် မသိအောင်ရိုက်၍ အင်တာနက် ပေါ် တင်နေခြင်းဖြစ်ကြောင်း လမ်းမတော်မြို့နယ်တွင် အင်တာနက် ဆိုင်ဖွင့်ထားသူ ကိုလူမော်က ပြောသည်။

အဆိုပါ ညစ်ညမ်းဝက်ဘ် ဆိုက်များတွင် အတင်ခံထားရ သည့် မိန်းကလေးအချို့ဆိုလျှင် ဂုဏ်သိက္ခာရှိသော အသိုင်းအ ဝိုင်းမှ ပါဝင်နေပြီး ၎င်းတို့၏ ဖုန်း နံပါတ်များကိုပါ မသမာသူတို့က တင်ထားသည့်အတွက် ၎င်း၏ ဖုန်းနံပါတ်ကိုခေါ်၍ ၎င်းတို့နှင့် ပျော်ပါးရန် အမျိုးသားအချို့က ခေါ်ခြင်းကို ရင်ဆိုင်ခဲ့ဖူးကြောင်း မြောက်ဒဂုံမြို့နယ်မှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

‘‘ကျွန်မမှာ အမျိုးသားလည်း ရှိတယ်။ ကလေးနှစ်ယောက် လည်းရှိတယ်။ ဆရာဝန်အသိုင်း အဝိုင်း မိသားစုဝင်တစ်ယောက် ပါ။ ကျွန်မဖုန်းကို မကြာခဏခေါ် ပြီး မကြားဝံ့မနာသာတွေ ပြော တော့ ဖုန်းကို ပိတ်ထားရတယ်။ နောက်ပိုင်းတော့ ပြောနေကျ မိတ်ဆွေတွေကလွဲလို့ ဖုန်းနံပါတ်အ သစ်ဆိုရင် ကိုင်ကိုမကိုင်တော့ တာ။ ဒီလိုဖြစ်စဉ်ကျတော့ ရဲကို ဘယ်လိုတိုင်လို့ သူတို့က ဘယ်လို အရေးယူပေးမှာလဲ’’ဟု ၎င်းက သူ၏အတွေ့အကြုံကို ပြောသည်။

များမကြာမီအချိန်တွင် အ မျိုးသားနှင့် အမျိုးသမီးလူငယ်ထု အကြား စိတ်ရှိတိုင်းပျော်ကြမည့် သင်္ကြန်ပွဲတော် လာပါတော့မည်။ မြန်မာ့ရိုးရာရေသင်္ကြန်ပွဲတော်ဟု ညွှန်းဆိုရန် မရနိုင်တော့အောင် ဝတ်စားဆင်ယင်မှု ပုံရိပ်များ ကြမ်းတမ်းနေသည့် ယင်းပွဲတော်တွင် နည်းပညာကို အသုံးချကာ ညစ် ညမ်းရုပ်ပုံများ အင်တာနက်စာ မျက်နှာပေါ် တင်မည့်သူများ သား ကောင်ကို ရှာဖွေနေမည်မှာ သေ ချာနေပါသည်။ လာမည့်နှစ်သစ် ၏ အင်တာနက်စာမျက်နှာပေါ် တွင် အမျိုးကောင်းသမီးတစ်ဦး ညစ်ညမ်းဝက်ဘ်ဆိုက်များ၏ သားကောင်မဖြစ်စေရန် ကာယ ကံရှင်နှင့် လူ့အဖွဲ့အစည်းကပါ ထိန်းကျောင်းပေးရန် တာဝန်ရှိနေ ပါသည်။ ။

Author: အောင်သစ်လွင်

From: 7Day Daily

www.mmdailystar.com

တစ်ခေတ်ဆန်း အလှမယ်နဲ့ သရဖူအရှုပ်တော်ပုံ




၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ  မြန်မာပြည်သူတို့ကြားတွင် ပြောစရာ အကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွားသည်။

ယနေ့ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်များနှင့် ပတ်သက်ပြီး အများပြည်သူကြား ပြောစရာဖြစ်နေသည်က သရဖူ ရုပ်သိမ်းခံရသည့်ကိစ္စ ဖြစ်နေ သည်။ နိုင်ငံတကာတွင် ကိုယ်စားလှယ်အဖွဲ့ အစည်း၏ စည်းမျဉ်းများကို လိုက်နာမှုမရှိသော အလှမယ်များ ကိုသရဖူရုပ်သိမ်းခြင်းများ ရှိတတ်သည်။ သို့သော် သတ်မှတ် စည်းမျည်းများက ရှင်းလင်းပြတ်သားသည်။

သို့သော် မြန်မာနိုင်ငံတွင်တော့မယ်များကို သရဖူ ရုပ် သိမ်းခြင်း၊ သရဖူလွှဲခွင့်ပိတ်ပင်ခြင်းစသော ကိစ္စများသည် မည် သည့်အချက်များအပေါ်တွင် မူတည်သည်ကို ရှင်း ရှင်းလင်း လင်း မသိရသေးသည့် အခြေအနေတွင် ဖြစ်နေသေးသည်။

Miss Supranational Myanmar    ၂ဝ၁၃ အလှမယ် ခင်ဝင့်ဝါနှင့်Miss Grand International Myanmar ၂ဝ၁၃ အလှမယ်ထားထက်ထက်တို့ကို သရဖူလွှဲပေးခွင့် ပိတ်လိုက် ကြောင်း ၄င်းတို့၏ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သောMiss Golden Land Myanmar Organization က ပြီးခဲ့သည့်လ အတွင်းကထုတ်ပြန်ကြေညာ ရာတွင်တိကျရေရာသောအကြောင်း ပြချက်မပါရှိသည်ကို တွေ့ရသည်။

”ကျွန်တော်တို့ထားထက်ထက်နဲ့ ခင်ဝင့်ဝါကို သရဖူသိမ်း တာ မဟုတ်ဘူး။ လွှဲပေးခွင့် မပေးတာပါ။ စည်းမျဉ်းစည်း ကမ်းကို ချိုးဖောက်သလို ဖြစ်သွားတဲ့အတွက် နောက် လူတွေ ဒီလိုမဖြစ်အောင် အပြစ်ပေးတဲ့သဘောပါ” ဟူ၍သာ Miss Golden Land Myanmar Organization မှ ဦးဝေယံ အောင်ကပြောခဲ့ပြီး မည်သည့်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည် ဆိုသည့်အချက်ကိုမူ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။

”ဘာပြစ်ချက်ကြောင့် လွှဲခွင့်မပေးတာလဲဆိုတာ မသိပါ ဘူး။ ညီမတို့ဘက်က ပျက်ကွက်တာမျိုးမရှိသလို အကျိုးအမြတ် ခံစားခွင့် ၃ဝ ရာခိုင်နှုန်းကိစ္စကိုလည်း အမြဲတမ်းေ ပးနေတာပဲ လေ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့သည်Miss Golden Land Myanmar Organization နှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုပြီး ပရဟိတလုပ်ငန်းများကို ပူးတွဲ လုပ်ဆောင် နေသူများလည်း ဖြစ်သည်။ သို့ရာတွင် အဖွဲ့အစည်းကိုယ်တိုင် က ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒါလုပ်မယ်ဆို ပြီး ညီမတို့ကိုမခေါ်ဘူး။ဘာလုပ်မယ် ဆိုတာလည်း မပြောဘူး။ တစ်နှစ်သက်တမ်းအတွင်း နှစ်ကြိမ်မျှသာ ပါဝင်ပူးပေါင်းခွင့်ရခဲ့ သည်ဟု ခင်ဝင့်ဝါက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့သည့်Miss Grand International Myanmar ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့်ထားထက်ထက်က ”ဘာကြောင့် လွှဲပေးခွင့် မပေးတာလဲ မသိဘူး။ ညီမတို့ဘက်က စာချုပ်ပါအတိုင်းပဲ သွားခဲ့တာပါ။ဒီလိုတစ်နှစ်ပြည့်ဖို့အလိုလေးမှာ ဒီလို ကြေညာ ခံရတော့ အရမ်းစိတ်မကောင်းဖြစ် မိတယ်”ဟု ပြောသည်။

ထို့အတူ Miss Globe Myanmar  ၂ဝ၁၄  အလှမယ် ဂျူးစံသာကိုလည်း သူမ၏ National Director  ဖြစ်သူ မလှနု ထွန်းကMiss Globe Myanmar  အဖြစ်မှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို  ဇူလိုင်လ ၂၄ ရက်နေ့ညက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်တွင်ဂျူးစံသာ၏ ကိုယ်စားလှယ် ဖြစ်သူ မလှနုထွန်းက အကြောင်းတရားသုံးခုကို ဖော်ပြခဲ့သော် လည်း အဓိကအချက်မှာ သုံးနှစ်သက်တမ်းရှိ စာချုပ်ကြောင့် ဖြစ်မည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

”အမှန်ဆို နိုင်ငံတကာစည်းမျဉ်းအရMiss တစ်ဦးကို တစ်နှစ်ပဲ စာချုပ်ချုပ်ရမယ်။ တစ်နှစ်ထက်ကျော်ပြီး ချုပ်ရင် ဒီ Miss ကို မွေးထုတ်ပြီးအမြတ်ထုတ်တယ်လို့ မြင်တယ်” ဟု ဦးဝေယံအောင်က ပြောသည်။

သရဖူလွှဲပေးသည့်ကိစ္စ၊ သရဖူပြန်သိမ်းသည့်ကိစ္စက အလှ မယ်တစ်ဦး ထမ်းဆောင်ရမည့်တာဝန်နှင့် ဝတ္တရား ပျက်ကွက် ခြင်းလား၊ နိုင်ငံတကာ ကျင့်ထုံးနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပေ လော။

မော်ဒယ်အေးဂျင့် ကိုနှစ် ၂ဝကြာ ထူထောင်ထားသည့် မတင်မိုးလွင်က ”အခု မြန်မာမှာ ဖြစ်တဲ့ ပြဿနာက နှစ်ဦး နှစ်ဖက် နားလည်မှုအားနည်းလို့ ပဋိပက္ခတွေ ပေါ်လာတာ ပါ။ နှစ်ဦးနှစ်ဖက် ကိုယ့်လိုအပ်ချက်ကို ပြန်ရှာဖို့ အရေးကြီးတယ်” ဟု ပြောသည်။

”နှစ်ဦးနှစ်ဖက်က ညှိလို့မရတော့တဲ့ ကိစ္စဆိုရင် ပြီးခဲ့တာ တွေ မပြောကြတော့ဘဲ နောက်ထပ်အကောင်းဆုံးကိုပဲ ရွေး ချယ်ကြပါ”ဟု တင်မိုးလွင်က ပြောသည်။

မြန်မာနိုင်ငံ၏ သရဖူသိမ်းသည့် ကိစ္စ၊ လွှဲပေးခွင့် မပေး သည့်ကိစ္စမှာ Miss နှင့် Organization ကြားက ပရဟိတစိတ်၊ အတ္တဟိတစိတ်နားလည်မှုတစ်စုံတစ်ရာ လွဲခြင်း လည်းဖြစ်နိုင် သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Star and Talent  မော်ဒယ် အေဂျင်စီတည်ထောင်သူ ဂျွန်လွင်က ”မသွားခင်ကတည်းက စာချုပ်ကိုသေသေချာချာချုပ် သင့်တယ်။   အောင်မြင်ပြီး ပြန် လည်းပြန်လာရော စာချုပ်မချုပ်ချင်ကြတော့ဘူး။ အဓိကက ကော်မရှင်မပေးချင်ကြတာပါ” ဟု ပြောသည်။

”အော်ဂနိုင်ဇေးရှင်းဘက်ကလည်း အဲ့ဒီ Miss  တွေ ဆီကရတဲ့ ကော်မရှင်ကိုပရဟိတဒါတွေ လုပ်ပါတယ်ဆိုပြီး ကြေညာခဲ့တာရောရှိလား” ဟု မေးခွန်းထုတ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ နိုင်ငံတကာသို့ စေလွှတ်ရန် ရွေး ချယ်ထားသည့် အလှမယ်တစ်ဦးကို တာဝန်မှရပ်စဲပြီး သွား ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပစ်သည့်ပထမ ဆုံးဖြစ်ရပ် သည်  မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့ပါပြီ။

”မြန်မာနိုင်ငံကMiss  ပြိုင်ပွဲနဲ့ အလှမ်းဝေးသွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီး အခုကျမှ တစ်နှစ် နှစ်နှစ်အတွင်း ပြန်ခေတ်စားလာတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ နား လည်မှုပိုင်းမှာ လိုတာဖြစ်မှာပါ” ဟု ဦးဝေယံအောင်က ပြော သည်။

တစ်ခေတ်ဆန်းမြန်မာ့အလှမယ် လောက၏ ပိုင်အိုးနီး ယားဟုဆိုရမည့် အလှမယ်နန်းခင်ဇေယျာက နိုင်ငံတကာ ဆုတံဆိပ်ရ အလှမယ်များအနေနှင့် ပရဟိတအလုပ် များကို အများထက်အာရုံစိုက်ကာ လုပ်ဆောင်သင့်ကြောင်း တိုက် တွန်းသည်။

နှစ် ၅ဝ ကြာမှ ပြန်လည်စေလွှတ်ယှဉ်ပြိုင်ခွင့်ရသည့် နိုင်ငံအလှမယ်ပြိုင်ပွဲကို ရှေ့ဆက်မှာလည်း ပြဿနာပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ နှစ်ဦးနှစ်ဖက်ပြေလည်သည့် သဘော တရားများကို ဆောင်ရွက်နိုင်စေရန်အတွက်  ယခုပဋိပက္ခက စံပြဖြစ်မည်လော။

”တစ်ခဏတာကိုပဲကြည့်ပြီး စာချုပ်ချုပ်မယ်။ ပြန်လာ တော့ မမျှော်လင့်တဲ့ ဆွဲဆောင်မှုတွေကမ်းလှမ်းလာရင် ခံနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ ပါးစပ်နဲ့မပြောကြဘဲ စာချုပ် စာတမ်းနဲ့ ဖြစ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာ ဖြစ်လာနိုင်တယ်”ဟု မော်ဒယ်မိခင်ကြီးတင်မိုးလွင်က ပြောသည်။

အမြင်ဆန်းနေသေးသော်လည်း နားလည်လက်ခံထားရ မည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသည် လူမှုရေးရော သော စီးပွားရေးပုံစံတစ်မျိုးသာ ဖြစ်သည် ကိုပင်   ဖြစ်သည်။ အောင်မြင်မှုအတွက် လှေကားထစ်များသာ ဖြစ်သည်။ ထို့ ကြောင့်စီးပွားရေးဆိုသည့်အတိုင်း စနစ်တကျ ဖြစ်စေသင့် သည်ဟုဆိုသူများလည်း ရှိသည်။

”စာချုပ်စာတမ်းနဲ့ဆို ပိုပြီးသင့်တော်တယ်။ နှစ်ဖက်စလုံး အတွက် ပိုအဆင်ပြေပါလိမ့်မယ်”ဟု တင်မိုးလွင်က ဆိုသည်။

.. www.MyanmarExpress.net