အခြေအနေအကြောင်းအမျိုးမျိုးကြော င့် ပြည်ပထွက်ပြီး ကျောင်းတက်ကြ
အလုပ်လုပ်ကြရတာ ယနေ့ ခေတ်မှာအားလုံးသိရှိကြပြီးဖြစ် မှာပါ။ တချို့ က မိဘက
ကိုယ့်သားသမီးနောင်ရေးအတွက်တွေးပြီး ကြည်ကြည်ဖြူဖြူ လွှတ်ကြတာရှိသလို တချိုက
မိမိရဲ့ဘ၀တိုးတက်ရာ တိုးတက်ကြောင့် စိတ်ကူးတွေနဲ့ 
မိဘကိုနားပူနားဆာလုပ်ပြီး ထွက်လာကြတာ တွေရှိပါတယ်။ မိဘတွေထဲမှာ
လဲအမျိုးမျိုးရှိပါတယ်။ တချို့ ပြေပြေလည်လည်ရှိကြတော့ သားသမီးကျောင်းတက်ဖို
့ သက်တောင့်သက်သာ ပါပဲ။ ကျောင်းတက်ပြီး အလုပ်ဆက်လုပ်ပြီး
ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်း ရှာပါစေ ရည်ရွယ်ချက်နဲ့ ပေါ့။ ဒီကိစ္စကလဲ
အရင် အနေအထားနဲ့ ဆိုမှန်ပါတယ်။ ခုလို
တကမ္ဘာလုံးစီးပွါးရေးချွတ်ခြုံကျနေချိန်မှာတော့ အလုပ်မရလို့ ပြန်သွားရတဲ့
သူတွေ ဒုနဲ့ ဒေးပါ။
တချို့ ကျောင်းလာတက်တဲ့ သူတွေကျတော့လဲ ကျောင်းကို မပူမပင်တက်နိုင်ပါတယ်။
အလုပ်မရလဲကိစ္စမရှိ အချိန်တန် မိဘဆီပိုက်ဆံ ပြန်မှာပြီး
မပူမပင်နေနိုင်ကြပါတယ်။ ဒါပေမဲ့ လဲ ဒီလိုကျောင်းသား ကျောင်းသူမျိုးက
လက်ချိုးရေလို့ ရပါတယ်။ အများစုကတော့ မိဘတွေက ကြံဖန်ပြီးသားသမီး ရှေ
့ရေးကို တွေးပြီး ရှိတာလေးတွေထုထခွဲရောင်းချပြီး စင်္ကာပူကို
လွှတ်လိုက်တာပါပဲ။ မိဘမေတ္တာပေါ့။
တချို့ကတော့ ဒုက္ခသည်စခန်းတွေကနေ လွယ်လွယ်ကူကူနဲ့ပဲ ဘာမှ အရည်အချင်းမလိုပဲ
ရောက်လာခဲ့ကြပါတယ်။ တောထဲမှာတုန်းကတော့ ဒုက္ခသည်ပါ၊ ဒုက္ခအမျိုးမျိုးကို
ခံစားခဲ့ရပါတယ် အော်နေပေမယ့် တတိယနိုင်ငံတွေကိုရောက်တော့ ဘဝကို
မေ့ကုန်ကြပါတော့တယ်။ ဖိနိပ်ခံရလို့ လုပ်ချင်တာ မလုပ်ရဘူး ပြောခဲ့ပြီးမှ
ဖိနိပ်မှုက လွတ်မြောက်ချိန်မှာတော့ မလုပ်သင့်တာတွေပဲ လုပ်ကြပါတယ်။ ဒီတော့
အရင်တုန်းက လုပ်ခွင့်မရတာတွေက မလုပ်သင့်တာတွေပါလားဆိုတာ
ပိုပြီးသိလာနိုင်ပါတယ်။ နောက်ဆုံးကျတော့ ကိုယ်ပိုင် ရည်မှန်းချက်လည်း
ပျောက်ကာ နိုင်ငံရေးရည်မှန်းချက်လည်း လုံးပါးပါးရပါတော့တယ်။

ရည်မှန်းချက်တွေနဲ့  ထွက်လာကြတဲ့ သူတွေမှာ အလုပ်မရပဲပြန်ရတော့ နောက်မှာ
ရှိတဲ့ သူတွေလဲ ဘ၀ပျက်သွားကြတာတွေရှိပါတယ်။ အရင်းအနှီးက ကြီးပါတယ်။
အောင်မြင်ရင်တော့ ဘာမှပြောစရာမလိုပါဘူး။ မအောင်မြင်တော့ ထိုင်နေအကောင်းသား
ထသွားမှကျိုးမှန်း သိတော့တယ်ဆိုသလိုဖြစ်တော့တာပါပဲ။ တချို့ လဲ
ကိုယ်တက်ထားတဲ့ ပညာနဲ့ စင်္ကာပူမှာ အလုပ်လာလုပ်ကြတာပါပဲ။ ဇနီး၊မယား သမီး
သားတွေ ကိုခွဲပြီးတော့ တနယ်တကြေးမှစီးပွါးလာရှာကြရတာပါပဲ။
ဘယ်လိုအကြောင်းကြောင့်ပဲရောက်ရောက် စင်္ကာပူရောက်ပြီးဆိုပါတော့။ ရောက်ကြတာကလဲ
အများစုက လူငယ်တွေပါ။ ဒီတော့ ချစ်သူတွေ ဖြစ်ကြ ချစ်ကြ ကြိုက်ကြ တာ
မဆန်းပါဘူး။ ဒါပေမဲ့  ကိုယ့်လာရင်း ရည်ရွယ်ချက်ပါ ပျောက်ပြီး လက်မထပ်ပဲ
အတူနေကြတဲ့ ကိစ္စကတော့  မြန်မာလူမျိုးအတွက်ရော
ဘာသာရေး(ဗုဒ္ဓဘာသာအရပါ)တိုင်းတစ်ပါးသားလူမျိုးတွေရဲ့အမြင်မှာရောတယ်မကောင်းလှပါဘူး။
အချို့ ကပြောကြပါတယ် တချိန်လက်ထပ်မှာပဲတဲ့။ လောကကြီးမှာဖြစ်ချင်တာတွေ
မဖြစ်ရတာတွေရှိတာသိကြမှာပါ။ ဘယ်လောက်သေချာပါတယ်ဆိုတဲ့ ကိစ္စတွေရှိလိုလဲ။
အနာဂတ်ကို ဘယ်သူကများ ကြိုတင်မြင်နိုင်ကြလို့ လဲ။နောက်ပြီး
အနောက်နိုင်ငံတွေမှာက ဒီလို နေကြတာဟာ ပြဿနာတက်လာရင် အစိုးရက ခေါင်းခံပြီး
ဖြေရှင်းပေးတယ်။ ခု ကိုယ်နေတာက သူတပါးတိုင်းပြည်မှာ ပြီးတော့ ဖြစ်လာရင်
သံရုံးကလဲ အခွန်ကောက်ဖို့ ကလွဲလို့  ဘာမှ ကူညီမှာ မဟုတ်ပါဘူး။
ကိုယ်ဒီလိုနေတာကို မိဘက သိရင်လဲဘယ်လိုမှခွင့်ပြုမှာမဟုတ်ပါဘူး။ သိသိနဲ
့ခွင့်ပြူတယ်ဆိုရင်တောင် ဘာသာရေးမှာဘာမှဗဟုသုတ မရှိလိုပါပဲ။
တကယ်ဘာာရေးလိုက်စားတဲ့ မိဘဆိုရင်လဲ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။
ကိုယ့်သားသမီး သံသရာမှာ နစ်မွန်းမဲ့ ကိစ္စမျိုး ဘယ်မိဘကမှ
လိုလားမှာမဟုတ်ပါဘူး။
ဒါကြောင့် ရှေးအစဉ်အဆက်ကထဲက သမီးရှင်မိန်းခလေးတွေက ကိုယ့်သားသမီးကို
တစိမ်းယောင်္ကျားလေးနဲ့  ရောရောနှောနှော မနေဖို့  သမီးရည်စားဖြစ်နေကြရင်တောင်
လက်မထပ်ခင် မိမိရဲ့ အပျိုရည် မပျက်အောင် ထိမ်းသိမ်းခိုင်းခဲ့ကြတာပါ။
ယောင်္ကျားလေးရှင် မိဘတွေ ဆိုရင်လဲ လက်မထပ်ခင် နှမသားချင်းကိုယ်ချင်းစာပြီး
လွန်လွန်ကျူးကျူး မဖြစ်မိအောင်ဆိုဆုံးမခဲ့ကြတာပါပဲ။ ဒီကိစ္စကိုကိုယ်က
မရှောင် နိုင်ရင်လဲ မြန်မြန်သာ လက်ထပ်ပြီး မိဘကိုအကြောင်းကြားပြီးနေကြပါလို
့အကြံပြုချင်ပါတယ်။ ခုခေတ်မှာအားလုံး အတူနေနေကြတာပဲ သဘောတူရင်ပြီးတာပဲလို့ 
တချို့ ကလွယ်လွယ်ပေါ့ပေါ့ ပြောတာကြားဖူးကြပါမှာ။
ကိုယ်နဲ့ အတူနေတဲ့သူနဲ့ လက်ထပ်ဖြစ်ကြရင် သိပ်ပြီး ကိစ္စမရှိပေမဲ့
လက်မထပ်ဖြစ်ခဲ့ရင် အကျိုးဆက်တွေအနေနဲ့  ယောင်္ကျားလေးက သိပ်မသိသာပေမဲ့
မြန်မာယဉ်ကျေးမှုဝန်းကျင်မှာ မိန်းခလေးက နှာခေါင်းရှုံခံရမှာ သေချာတယ်။
မြန်မာ့ယဉ်ကျေးမှုမှာ ရည်စားများများတဲ့ မိန်းခလေးကိုတောင်
နှာခေါင်းရှုံကြပါတယ်။ ခုလိုလက်မထပ်ပဲအတူနေတဲ့ မိန်းခလေးဟာ
လင်ကောင်းသားကောင်း ရနိုင်ဖို့ လွယ်ပါတော့မလား၊ ယောင်္ကျားလေးတွေရဲ့ သဘောက
ကိုယ်ကသာပွေချင် ပွေ ရှုပ်ချင်ရှုပ်မှာ ကိုယ်အိမ်ထောင်ဖက်မိန်းခလေးကို
ခြောက်ပစ်ကင်း သဲလဲစင်စေချင်တာပါပဲ။ ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီး
လက်ထပ်ဦးတော့ လင်မယား အခန့် မသင့်ရင် နိုင်ကွက်ကိုင်ပြီး အနိုင်ယူခံရမှာ
သေချာပါတယ်။ ဒီတော့ သြော် ငါတချိန်က ဒီလိုနေခဲ့မိတာ မှားလေစွ ဆိုပြီး
နောင်တရကြမှာပါ။ ဒီတော့ ဒီကိစ္စကို လက်မထပ်ခင်ထိမ်းကြပါ။ လက်ထပ်ပြီးရင်
ငြီးငွေ့ လာမှာ မပူပါနဲ့ ။ တဒင်္ဂ ပျော်ရွှင်မှုကို သံသရာမှာ နစ်မွန်းမဲ့
ကိစ္စနဲ့  အလဲအလှည် မလုပ်ကြပါနဲ့ ။ ကိုယ်ကဒီလို နေလိုက်တော့
အခြားကောင်းကောင်းမွန်မွန်နေတဲ့  စင်္ကာပူပြန်မိန်းခလေးတွေကိုလဲ
မြန်မာပြည်ဝန်းကျင်က ဒီကောင်မလေးလဲ ဒီလိုပဲ ဟိုမှာ နေချင်သလိုနေလာမှာပဲလို
့ထင်ကြမှာ မလွဲပါဘူး။ ဒီတော့ဒီကိစ္စကို ၀ိုင်းဝန်းပြီး အသိပေးကြ
ဆင်ခြင်စဉ်းစား ခိုင်းစေချင်ကြပါတယ်။
ဒါက အပျိုလူပျိုတွေအတွက်ပါ အိမ်ထောင်တန်းလန်းနဲ့  နေကြတဲ့
သူတွေကတော့ပိုပြီးဆင်ခြင်ရမှာပါ။ ကိုယ့်ဘာသာ ကျေနပ်လို့  ဘယ်လိုပဲ နေနေ
ဘာသာရေးအရ ကာမေသု မိစ္ဆာစာရ ကံ နဲ့ ငြိစွန်းလို့ ပြောနေရတာပါ။ ဒီကံကို
လွန်ကျူးမိရင် နောင်ဘ၀မှာ အချောက် ဖြစ်ရင်ဖြစ် မဖြစ်ရင် မိန်းမဘ၀ပဲ
ဖြစ်တော့မှာပါ။ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ ကိုမရနိုင်တော့ပါဘူး။
မိန်းမဘ၀ပီပီပြင်ပြင်ဖြစ်ရင်လဲ တော်သေးပေါ့။
အခြောက်ကြီး ဖြစ်နေရင်စဉ်းသာ စားကြည့်ပေတော့။ ယောင်္ကျားလေးတွေ
မသွားလာမလွန်ကျူးအပ်တဲ့ မိန်းခလေး အယောက် ၂၀ ရှိပါတယ်။
မာတုရက္ခိတ=အမေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ၊ ပိတုရက္ခိတ=
အဖေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ ...စသည်ဖြင့်ပေါ့။
ဒီမိန်းမတွေမှာ ကာယကံရှင် မိန်းမလေးက သဘောတူတူမတူတူ ယောင်္ကျားလေးက သွားလာရင်
ကာမေသုမိစ္ဆာစာရပါ။ စင်္ကာပူရောက်နေတဲ့ မိန်းခလေးအများစုဟာ အားလုံး မိဘတွေ
အုပ်ထိမ်းမှုအောက်မှာ ရှိနေတယ်။ ဒါကြောင့်လဲ ကိုယ့်သမီးကို တဖွဖွ မှာနေ
ဖုန်းဆက်နေကြတာပေါ့။ ဒီတော့ လက်မထပ်ပဲ အတူနေနေကြတဲ့ သူတွေ ဒီကိစ္စကို
ကျမ်းဂန်တက်ဆရာတော်ကြီးတွေဆီမှာ လျောက်ထား မေးမြန်ကြပါ။ လောကအပြစ်က
ခွင့်လွှတ်ပေမဲ့ ဓမ္မအပြစ်က ခွင့်မလွှတ်ပါဘူး။
မိဘတွေအနေနဲ့ လဲ ကိုယ်သားသမီးက ပူဆာတိုင်း မလွှတ်ကြပါနဲ့ ။
ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်တယ်ဆိုရင်ပေါ့။ ဒီစာကို ဘယ်သူ့ ကိုမှ ပုတ်ခတ်လို
အပြစ်ပြောလိုတဲ့ သဘောမျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ ကာမဂုဏ် သာယာမှုအတွက်နဲ့ 
သံသရာမှာနစ်မွန်းကြမှာ စိုးလို့ ပါ။ အခု အတူုနေကြတဲ့ ချစ်သူတွေဟာ
ဒီလိုအပြစ်ရှိတယ်ဆိုတာ တယောက်မှသိမှာမဟုတ်ပါဘူး။ သိတဲ့  သူဆိုရင်
ဘယ်တော့မှ ဒီလိုနေဖို့ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ဒီကိစ္စဟာ
တချိန် ကြုံမှာပဲ။ ခဏတာ စောင့်ထိမ်းရတာပါ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင်လဲ
ချစ်သူသံသရာမှာ နစ်မွန်းစေမဲ့ကိစ္စကို ခွင့်မပြုသင့်ပါဘူး။စင်္ကာပူမှာနေတဲ့
သူငယ်ချင်းတယောက် အပြောအရ ဒီလိုနေကြတာ ၄၀ ရာနှုန်းလောက်ရှိတယ်တဲ့။
ရင်လေးစရာပါ။နော်တချက်က စင်္ကာပူမှာ လာပြီးနေ ကြသူတွေဟာ
ပညာတက်အဆင့်အတန်းမြင့်ကြသူတွေပါ။ အချို့ဆိုရင် နိုင်ငံနဲ့လူမျိုးကို
အလွန်ချစ်ကြောင်းနဲ့ နိုင်ငံတော် လူမျိုးအတွက် အလွန်လုပ်ပေးလိုကြောင်း
အမြဲပြောကာ လက်ရှိအစိုးရကို အားမလိုအားမရနဲ့ ဝေဖန်နေကြသူတွေ များပါတယ်။
အင်တာနက်ပေါ်၊ အီးမေးတွေနဲ့ facebook နဲ့ ဘလော့တွေပေါ်မှာ စင်္ကာပူက လူတွေ
ရေးလိုက်ရင် ကြီးကြီးကျယ်ကျယ်တွေများပါတယ်။ ဒါပေမယ့်လည်း လူ ၁၀၀ မှာ ၄၀
လောက်က LIVING TOGETHER နေနေကြတယ် ဆိုတာတော့ စိတ်ပျက်စရာပါ။ လူ ၁၀၀ မှာ
အိမ်ထောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေ နှုတ်ရင် လူ ၆၀ လောက်ကျန်ပါလိမ့်မယ်။
လူ ၆၀ မှာ ၄၀ က LIVING TOGETHER နေတယ် ဆိုတာ အလွန်စိုးရိမ်စရာကောင်းပါတယ်။
ဒီလိုသူတွေက ဒီလိုဖြစ်နေကြရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှုအတွက်ရော
တိုင်းပြည်အတွက်ရော ရင်လေးစရာပါ။ အမေရိကားရောက်မြန်မာတွေ၊ ဂျပန်၊
ဆွတ်ဇာလန်၊ အင်္ဂလန်နဲ့ တခြား နိုင်ငံရောက် မြန်မာတွေ အားလုံးကလည်း LIVING
TOGETHER နေကြပါတယ်။ အနည်းနဲ့ အများပဲကွာတာပါ။ ရုရှား ရောက် မြန်မာ
တွေလောက်ပဲ ဒီကစ္စနဲ့ ကင်းနိုင်ကြတာပါ။ ဒါတောင် မနေနိင်မထိုင်နိုင်
ရုရှားထိလိုက်သွားတဲ့ တခြားနိုင်ငံရောက် မြန်မာမတွေ
ရုရှားထိလိုက်သွားချိန်မှာ LIVING TOGETHER နေတာတွေ တွေ့နေရပါသေးတယ်။
ရာခိုင်နှုံးနဲ့ ကြည့်ရင်တော့ ၀.၂ ရာခိုင်နှုံးလောက်ရှိပါတယ်။
LIVING TOGETHER နေတဲ့ ကိစ္စဆိုတာ မြန်မာ့ဓလေ့ထုံးစံနဲ့
လုံးဝဆန့်ကျင်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်လည်း
နိုင်ငံခြားရောက်နေတဲ့ လက်တစ်ဆုပ်စာ မြန်မာတွေမှာပဲဖြစ်နေကြတာပါ။
အခုနောက်ပိုင်းဆိုရင် တစ်ချို့က ပေါ်ပေါ်ထင်ထင် ကြီးတွေနဲ့ အရှက်ကင်းမဲ့စွာ
လုပ်ပြနေကြပါတယ်။ မြန်မာနိုင်ငံက မိဘဘိုးဘွားတွေများ သိရင် ရင်ကျိုးပြီး
သေကြပါလိမ့်မယ်။ မြန်မာလူကြီးတွေ လက်မခံပဲ၊ မြန်မာ့ဓလေ့ထုံးစံကို
ဆန့်ကျင်တဲ့အပြင် လူငယ်တွေအတွက်ပါ အကျိုးမရှိတဲ့ LIVING TOGETHER ကိစ္စကို
အားလုံး ရှုံ့ချ ဆန့်ကျင်ကြပါစို့။
ဒေါက်တာမီးဒုတ်