လာလည်ကြည့်ရှုသော မိတ်ဆွေများအပေါင်း သာယာပျော်ရွှင်နိုင်ပါစေလို့ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်...............ဤ Blogger တွင် သတင်းများ ဝေဖန် ၊ အကြံပေးစာများ ပေးပို့လိုပါလျှင် Khainyarzartun@gmail.com & https://www.facebook.com/groups/xoxking/ သို့ ပို့ပေးနိုင်ပါတယ်

Sunday, 27 April 2014

ရခိုင်အမျိုးသားညီလာခံဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး



ရခိုင်အမျိုးသားညီလာခံ ဖွင့်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်ကျောက်ဖြူ မြို့တွင် မနက် ၇းဝဝ နာရီအချိန်က ကျင်းပခဲ့ပြီး ဖိတ်ကြားထားသူ (၁ဝဝဝ) ခန့်နှင့် လေ့လာသူ (၁၅ဝဝ) ခန့်တက်ရောက်ခဲ့ ကြသည်။

ပထမဦးစွာ သမာပတိဖွဲ့ဝင်များမှ စင်မြင့်ပေါ်တွင် နေရာယူခဲ့ကြပါသည်။

အခန်းအနားမှုများအဖြစ် မသန်းသန်းရွှေ နှင့် အဖွဲ့မှဆောင်ရွက်ပြီး အခမ်းအနားကို ရခိုင်မင်္ဂလာ စည်တော်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ မိုးပျံပူပေါင်းများလွှတ်တင်၍ ဖွင့်ပွဲအခမ်းအနား စတင်ခဲ့ပါသည်။

ထို့နောက်ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်များနှင့် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင် များ၊ ရဲဘော်များအားလုံးအား အောက်မေ့ဂုဏ်ပြုသော အားဖြင့် မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်စွာ အလေးပြုခဲ့ကြသည်။


မြို့နယ်တစ်ခုချင်းစီအလိုက်ကိုယ်စားလှယ်များမှ အဖွဲ့လိုက်မိတ်ဆက်ခဲ့ပြီး ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) ကျင်းပရေး ကော်မတီကိုယ်စား ကျင်းပရေးကော်မတီ ဥက္ကဌ၊ ဦးကျော်ငြိမ်းမှ အဖွင့်အမှာစ ကားပြောကြားသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ဝင်ီသမ္မရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ု၈း၂ဝ ခန့်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အမှာ စကားပြောကြားခဲ့သည်။

၈း၃၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ အမှာစ ကားပြောကြားခဲ့သည်။

ုယင်းနောက် ပြည်တွင်း၊ ပြည်ပ သံဃာတော်များကိုယ်စား ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလိုတော်ပြည့်ဓမ္မစရိယတက္ကသိုလ် နာယကချုပ် ဦးသုစိတ္တာဘိဝံသ က ဝမ်းမြောက်ကြောင်း သြဝါဒ ကထာ ချီးမြှင့်တော်မူခဲ့သည်။





၉း၁၅ အချိန်တွင် ညီလာခံအမှတ်တရ စုပေါင်းဓါက်ပုံရိုက်ကြပြီး ဖွင့်ပွဲအခမ်းအနားအောင်ပြင်စွာ ပြီးဆုံးခဲ့ပါသည်။

Thursday, 3 April 2014

online ကနေ ဥရောပ Premier League,Champion League အပါအ၀င် ဘောလုံးပွဲစဉ်တွေ အားလုံးကို တိုက်ရိုက် (live) free ကြည့်ကြမယ်

ပထမအဆင့်အနေ နဲ့
            http://cricfree.tv/live/watch-live-football-stream
              ဆိုတဲ့ လင့်ကို မိမိအသုံးပြုတဲ့ browser ရဲ့ Search Bar မှာရိုက်ထဲ့ပီး ဖွင့်လိုက်ပါ.
              အောက်ပါ ပုံအတိုင် ပွင့်လာပါလိမ့်မယ်............

ပြီးရင်
  ဒုတိယအဆင့်အနေနဲ့
              မိမိကြည့်ချင်တဲ့ ပွဲစဉ်လေးကို ကလစ်နှိပ်လိုက်ပါ..... အောက်ပါပုံထဲက အတိုင်း  အပြာရောင်စလုံးလေးနဲ့  တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ channel လိုင်း နံမည်လေး ပေါ်လာပါလိမ့်မယ်...
အဲဒါလေးကို ကလစ်တချက်နှိပ်လိုက်ပါ.....
နောက်ဆုံးအဆင့်ကတော့
                ပွင့်လာတဲ့channel ပေါ်ကပြသနေတဲ့ live streaming ပွဲစဉ်ကို ကြည့်ဖို့ ကာစီးထားတဲ့ ကြော်ငြာ gadget လေးတွေအထဲကို ရှာဖွေပီးတော့ အမည်းရောင် ကြက်ခြေခတ်ပုံလေးတွေကို ကလစ်လုပ်ပီး ပိတ်ပစ်လိုက်ရပါမယ်... ဒါပီးရင်တော့ ရှင်လင်းပြတ်သားတဲ့ live streaming league ပွဲစဉ်တွေကို online   ကကြည့်ရှု အပန်းဖြေလို့ရပါပီ ဘော်ဘော်တို့ရေ......
    သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်....
      ဒါပေမယ့် Apple iDevice တွေရဲ့ safari browser တွေပေါ်မှာအဆင်မပြေပါဘူး....
                 ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ အောက်မှာ ကွန်မန့် ဖြစ်ဖြစ် လိုက် ဖြစ်ဖြစ် ထာပေးခဲ့စေချင်ပါတယ်....
                ကျေးဇူးတင်ပါတယ် (myanmartechnician မှ ကူးယူဖေါ်ပြသည်)