လာလည်ကြည့်ရှုသော မိတ်ဆွေများအပေါင်း သာယာပျော်ရွှင်နိုင်ပါစေလို့ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်...............ဤ Blogger တွင် သတင်းများ ဝေဖန် ၊ အကြံပေးစာများ ပေးပို့လိုပါလျှင် Khainyarzartun@gmail.com & https://www.facebook.com/groups/xoxking/ သို့ ပို့ပေးနိုင်ပါတယ်

Thursday, 24 September 2015

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ကိုသွားပြီး မဲဆွေမယ်ဆိုတဲ့ ကိစ္စကတော့ တကယ်မီးမွှေးတာပါပဲ



 

        
              NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ကိုသွားပြီး မဲဆွေမယ်ဆိုတဲ့ ကိစ္စကတော့ တကယ်မီးမွှေးတာပါပဲ ၊ လူသားချင်း စာနာထောက်ထားဆိုတဲ့ စကားတွေအလွယ်လေး ပြောထွက်တယ် ဒုက္ခရောက်နေချိန် လှည့်တောင်မကြည့်ပဲ နိုင်ငံခြားကို ခရီးတွေထွက် ၊ ခုကျမှရခိုင်ကိုသွားပြီးတော့  မဲဆွေမေဆိုတာတော့ ပြသ အစပျိုးနေတာပဲမြင်တယ် ၊ ကြားပါတယ်ခုတလော NLD ကို ကုလားပဲ မဲပေးမှာပါ ခု NLD ကို  မဲပေးတဲ့ သူတွေကို ဆန်တစ်အိပ် နဲ့ ဆီ အချို့ ပေးမေဆိုတာ ဒါတရားမျှတတဲ့ ရွေးကောက်ပွဲအတွက် ခုလိုပဲ NLD မဲနိုင်ရင်ကော အမြဲ ဆန် ၊ ဆီ ပေးနိုင်ပါ့မလား? ပြည်သူတွေကတော့ ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဘ၀တွေပါ ၊ ပြည်သူတွေကတော့ မဲပေးမှာတောင် ကိုယ်ကြိုက်တဲ့ ပါတီကို ကိုယ် မဲပေးခွင့် မရဖြစ်နေတယ် ကော်မရှင် ရုံးကိုသွားတော့ NLD ၊ ကြံ့ခိုငရေး ၊ ပြည်ခိုင်ဖြိုး ဒီအချို့ကိုပဲ ပေးလို့ရမေ ကျန်တာကို ပေးမရဘူး ဒါတရားမျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲလား?

Sunday, 20 September 2015

နာရေးကူညီမှုအသင်း ၀က်ဆိုဒ်အား မွတ်စလင်ဟက်ကာများ တိုက်ခိုက်

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၀က်ဆိုဒ်စာမျက်နှာကို Myanmar Muslim Cyber Force ဆိုသူများက သြဂုတ် ၃၁ ရက် က ၀င်ရောက်တိုက်ခိုက် (Hack) ထားသည်။

ရခိုင်ပြည်နယ်အတွင်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အစ္စလမ်ဘာသာဝင်များအပေါ် ခွဲခြားသည်ဟု စွပ်စွဲချက်ဖြင့် တိုက်ခိုက်ထားခြင်းဖြစ်သည်။

"STOP RACISM" ဟု အင်္ဂလိပ်စာဖြင့် ဖော်ပြထားပြီး၊ "ဦးကျော်သူရေ ခင်ဗျားကို အရင်ကတော့ လေးစားတယ် ဒါပေမယ့် ရခိုင်မှာတော့ ခင်ဗျားက ရေမြုပ်တာခြင်းအတူတူ အစ္စလမ်ဘာသာဝင်တွေကို ခွဲခြားခဲ့တယ် ဆိုတာ ၀န်ခံလိုက်စမ်းပါဗျာ ... နောက် သတိထားဗျာ နော်..
grin emoticon
" ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ၀က်ဆိုဒ် www.ffssyangon.org စာမျက်နှာတွင် Myanmar Muslim Cyber Force ဆိုသူများက မြန်မာစာဖြင့်ရေးသားထားသည်။


.. https://www.facebook.com/MyanmarExpress

Wednesday, 2 September 2015

နိုင်ငံခြားရောက်ရွှေများနှင့် LIVING TOGETHER ကိစ္စ

                      အခြေအနေအကြောင်းအမျိုးမျိုးကြော င့် ပြည်ပထွက်ပြီး ကျောင်းတက်ကြ အလုပ်လုပ်ကြရတာ ယနေ့ ခေတ်မှာအားလုံးသိရှိကြပြီးဖြစ် မှာပါ။ တချို့ က မိဘက ကိုယ့်သားသမီးနောင်ရေးအတွက်တွေးပြီး ကြည်ကြည်ဖြူဖြူ လွှတ်ကြတာရှိသလို တချိုက မိမိရဲ့ဘ၀တိုးတက်ရာ တိုးတက်ကြောင့် စိတ်ကူးတွေနဲ့  မိဘကိုနားပူနားဆာလုပ်ပြီး ထွက်လာကြတာ တွေရှိပါတယ်။ မိဘတွေထဲမှာ လဲအမျိုးမျိုးရှိပါတယ်။ တချို့ ပြေပြေလည်လည်ရှိကြတော့ သားသမီးကျောင်းတက်ဖို့  သက်တောင့်သက်သာ ပါပဲ။ ကျောင်းတက်ပြီး အလုပ်ဆက်လုပ်ပြီး ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်း ရှာပါစေ ရည်ရွယ်ချက်နဲ့ ပေါ့။ ဒီကိစ္စကလဲ အရင် အနေအထားနဲ့ ဆိုမှန်ပါတယ်။ ခုလို တကမ္ဘာလုံးစီးပွါးရေးချွတ်ခြုံကျနေချိန်မှာတော့ အလုပ်မရလို့ ပြန်သွားရတဲ့ သူတွေ ဒုနဲ့ ဒေးပါ။
                   တချို့ ကျောင်းလာတက်တဲ့ သူတွေကျတော့လဲ ကျောင်းကို မပူမပင်တက်နိုင်ပါတယ်။ အလုပ်မရလဲကိစ္စမရှိ အချိန်တန် မိဘဆီပိုက်ဆံ ပြန်မှာပြီး မပူမပင်နေနိုင်ကြပါတယ်။ ဒါပေမဲ့ လဲ ဒီလိုကျောင်းသား ကျောင်းသူမျိုးက လက်ချိုးရေလို့ ရပါတယ်။ အများစုကတော့ မိဘတွေက ကြံဖန်ပြီးသားသမီး ရှေ့ ရေးကို တွေးပြီး ရှိတာလေးတွေထုထခွဲရောင်းချပြီး စင်္ကာပူကို လွှတ်လိုက်တာပါပဲ။ မိဘမေတ္တာပေါ့။

   တချို့ကတော့ ဒုက္ခသည်စခန်းတွေကနေ လွယ်လွယ်ကူကူနဲ့ပဲ ဘာမှ အရည်အချင်းမလိုပဲ ရောက်လာခဲ့ကြပါတယ်။ တောထဲမှာတုန်းကတော့ ဒုက္ခသည်ပါ၊ ဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပါတယ် အော်နေပေမယ့် တတိယနိုင်ငံတွေကိုရောက်တော့ ဘဝကို မေ့ကုန်ကြပါတော့တယ်။ ဖိနိပ်ခံရလို့ လုပ်ချင်တာ မလုပ်ရဘူး ပြောခဲ့ပြီးမှ ဖိနိပ်မှုက လွတ်မြောက်ချိန်မှာတော့ မလုပ်သင့်တာတွေပဲ လုပ်ကြပါတယ်။ ဒီတော့ အရင်တုန်းက လုပ်ခွင့်မရတာတွေက မလုပ်သင့်တာတွေပါလားဆိုတာ ပိုပြီးသိလာနိုင်ပါတယ်။ နောက်ဆုံးကျတော့ ကိုယ်ပိုင် ရည်မှန်းချက်လည်း ပျောက်ကာ နိုင်ငံရေးရည်မှန်းချက်လည်း လုံးပါးပါးရပါတော့တယ်။

                        ရည်မှန်းချက်တွေနဲ့  ထွက်လာကြတဲ့ သူတွေမှာ အလုပ်မရပဲပြန်ရတော့ နောက်မှာ ရှိတဲ့ သူတွေလဲ ဘ၀ပျက်သွားကြတာတွေရှိပါတယ်။ အရင်းအနှီးက ကြီးပါတယ်။ အောင်မြင်ရင်တော့ ဘာမှပြောစရာမလိုပါဘူး။ မအောင်မြင်တော့ ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်း သိတော့တယ်ဆိုသလိုဖြစ်တော့တာပါပဲ။ တချို့ လဲ ကိုယ်တက်ထားတဲ့ ပညာနဲ့ စင်္ကာပူမှာ အလုပ်လာလုပ်ကြတာပါပဲ။ ဇနီး၊မယား သမီး သားတွေ ကိုခွဲပြီးတော့ တနယ်တကြေးမှစီးပွါးလာရှာကြရတာပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲရောက်ရောက် စင်္ကာပူရောက်ပြီးဆိုပါတော့။ ရောက်ကြတာကလဲ အများစုက လူငယ်တွေပါ။ ဒီတော့ ချစ်သူတွေ ဖြစ်ကြ ချစ်ကြ ကြိုက်ကြ တာ မဆန်းပါဘူး။ ဒါပေမဲ့  ကိုယ့်လာရင်း ရည်ရွယ်ချက်ပါ ပျောက်ပြီး လက်မထပ်ပဲ အတူနေကြတဲ့ ကိစ္စကတော့  မြန်မာလူမျိုးအတွက်ရော ဘာသာရေး(ဗုဒ္ဓဘာသာအရပါ)တိုင်းတစ်ပါးသားလူမျိုးတွေရဲ့အမြင်မှာရောတယ်မကောင်းလှပါဘူး။ အချို့ ကပြောကြပါတယ် တချိန်လက်ထပ်မှာပဲတဲ့။ လောကကြီးမှာဖြစ်ချင်တာတွေ မဖြစ်ရတာတွေရှိတာသိကြမှာပါ။ ဘယ်လောက်သေချာပါတယ်ဆိုတဲ့ ကိစ္စတွေရှိလိုလဲ။ အနာဂတ်ကို ဘယ်သူကများ ကြိုတင်မြင်နိုင်ကြလို့ လဲ။နောက်ပြီး အနောက်နိုင်ငံတွေမှာက ဒီလို နေကြတာဟာ ပြဿနာတက်လာရင် အစိုးရက ခေါင်းခံပြီး ဖြေရှင်းပေးတယ်။ ခု ကိုယ်နေတာက သူတပါးတိုင်းပြည်မှာ ပြီးတော့ ဖြစ်လာရင် သံရုံးကလဲ အခွန်ကောက်ဖို့ ကလွဲလို့  ဘာမှ ကူညီမှာ မဟုတ်ပါဘူး။ ကိုယ်ဒီလိုနေတာကို မိဘက သိရင်လဲဘယ်လိုမှခွင့်ပြုမှာမဟုတ်ပါဘူး။ သိသိနဲ့ ခွင့်ပြူတယ်ဆိုရင်တောင် ဘာသာရေးမှာဘာမှဗဟုသုတ မရှိလိုပါပဲ။ တကယ်ဘာာရေးလိုက်စားတဲ့ မိဘဆိုရင်လဲ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး။ ကိုယ့်သားသမီး သံသရာမှာ နစ်မွန်းမဲ့ ကိစ္စမျိုး ဘယ်မိဘကမှ လိုလားမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေးအစဉ်အဆက်ကထဲက သမီးရှင်မိန်းခလေးတွေက ကိုယ့်သားသမီးကို တစိမ်းယောင်္ကျားလေးနဲ့  ရောရောနှောနှော မနေဖို့  သမီးရည်စားဖြစ်နေကြရင်တောင် လက်မထပ်ခင် မိမိရဲ့ အပျိုရည် မပျက်အောင် ထိမ်းသိမ်းခိုင်းခဲ့ကြတာပါ။ ယောင်္ကျားလေးရှင် မိဘတွေ ဆိုရင်လဲ လက်မထပ်ခင် နှမသားချင်းကိုယ်ချင်းစာပြီး လွန်လွန်ကျူးကျူး မဖြစ်မိအောင်ဆိုဆုံးမခဲ့ကြတာပါပဲ။ ဒီကိစ္စကိုကိုယ်က မရှောင် နိုင်ရင်လဲ မြန်မြန်သာ လက်ထပ်ပြီး မိဘကိုအကြောင်းကြားပြီးနေကြပါလို့ အကြံပြုချင်ပါတယ်။ ခုခေတ်မှာအားလုံး အတူနေနေကြတာပဲ သဘောတူရင်ပြီးတာပဲလို့  တချို့ ကလွယ်လွယ်ပေါ့ပေါ့ ပြောတာကြားဖူးကြပါမှာ။ ကိုယ်နဲ့ အတူနေတဲ့သူနဲ့ လက်ထပ်ဖြစ်ကြရင် သိပ်ပြီး ကိစ္စမရှိပေမဲ့ လက်မထပ်ဖြစ်ခဲ့ရင် အကျိုးဆက်တွေအနေနဲ့  ယောင်္ကျားလေးက သိပ်မသိသာပေမဲ့ မြန်မာယဉ်ကျေးမှုဝန်းကျင်မှာ မိန်းခလေးက နှာခေါင်းရှုံခံရမှာ သေချာတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ ရည်စားများများတဲ့ မိန်းခလေးကိုတောင် နှာခေါင်းရှုံကြပါတယ်။ ခုလိုလက်မထပ်ပဲအတူနေတဲ့ မိန်းခလေးဟာ လင်ကောင်းသားကောင်း ရနိုင်ဖို့ လွယ်ပါတော့မလား၊ ယောင်္ကျားလေးတွေရဲ့ သဘောက ကိုယ်ကသာပွေချင် ပွေ ရှုပ်ချင်ရှုပ်မှာ ကိုယ်အိမ်ထောင်ဖက်မိန်းခလေးကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တာပါပဲ။ ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီး လက်ထပ်ဦးတော့ လင်မယား အခန့် မသင့်ရင် နိုင်ကွက်ကိုင်ပြီး အနိုင်ယူခံရမှာ သေချာပါတယ်။ ဒီတော့ သြော် ငါတချိန်က ဒီလိုနေခဲ့မိတာ မှားလေစွ ဆိုပြီး နောင်တရကြမှာပါ။ ဒီတော့ ဒီကိစ္စကို လက်မထပ်ခင်ထိမ်းကြပါ။ လက်ထပ်ပြီးရင် ငြီးငွေ့ လာမှာ မပူပါနဲ့ ။ တဒင်္ဂ ပျော်ရွှင်မှုကို သံသရာမှာ နစ်မွန်းမဲ့ ကိစ္စနဲ့  အလဲအလှည် မလုပ်ကြပါနဲ့ ။ ကိုယ်ကဒီလို နေလိုက်တော့ အခြားကောင်းကောင်းမွန်မွန်နေတဲ့  စင်္ကာပူပြန်မိန်းခလေးတွေကိုလဲ မြန်မာပြည်ဝန်းကျင်က ဒီကောင်မလေးလဲ ဒီလိုပဲ ဟိုမှာ နေချင်သလိုနေလာမှာပဲလို့ ထင်ကြမှာ မလွဲပါဘူး။ ဒီတော့ဒီကိစ္စကို ၀ိုင်းဝန်းပြီး အသိပေးကြ ဆင်ခြင်စဉ်းစား ခိုင်းစေချင်ကြပါတယ်။ ဒါက အပျိုလူပျိုတွေအတွက်ပါ အိမ်ထောင်တန်းလန်းနဲ့  နေကြတဲ့ သူတွေကတော့ပိုပြီးဆင်ခြင်ရမှာပါ။ ကိုယ့်ဘာသာ ကျေနပ်လို့  ဘယ်လိုပဲ နေနေ ဘာသာရေးအရ ကာမေသု မိစ္ဆာစာရ ကံ နဲ့ ငြိစွန်းလို့ ပြောနေရတာပါ။ ဒီကံကို လွန်ကျူးမိရင် နောင်ဘ၀မှာ အချောက် ဖြစ်ရင်ဖြစ် မဖြစ်ရင် မိန်းမဘ၀ပဲ ဖြစ်တော့မှာပါ။ မြင့်မြတ်တဲ့ ယောင်္ကျားဘ၀ ကိုမရနိုင်တော့ပါဘူး။ မိန်းမဘ၀ပီပီပြင်ပြင်ဖြစ်ရင်လဲ တော်သေးပေါ့။ အခြောက်ကြီး ဖြစ်နေရင်စဉ်းသာ စားကြည့်ပေတော့။ ယောင်္ကျားလေးတွေ မသွားလာမလွန်ကျူးအပ်တဲ့ မိန်းခလေး အယောက် ၂၀ ရှိပါတယ်။ မာတုရက္ခိတ=အမေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ၊ ပိတုရက္ခိတ= အဖေအုပ်ထိမ်းမှုအောက်မှာ ရှိနေသေးတဲ့ မိန်းမ ...စသည်ဖြင့်ပေါ့။ ဒီမိန်းမတွေမှာ ကာယကံရှင် မိန်းမလေးက သဘောတူတူမတူတူ ယောင်္ကျားလေးက သွားလာရင် ကာမေသုမိစ္ဆာစာရပါ။ စင်္ကာပူရောက်နေတဲ့ မိန်းခလေးအများစုဟာ အားလုံး မိဘတွေ အုပ်ထိမ်းမှုအောက်မှာ ရှိနေတယ်။ ဒါကြောင့်လဲ ကိုယ့်သမီးကို တဖွဖွ မှာနေ ဖုန်းဆက်နေကြတာပေါ့။ ဒီတော့ လက်မထပ်ပဲ အတူနေနေကြတဲ့ သူတွေ ဒီကိစ္စကို ကျမ်းဂန်တက်ဆရာတော်ကြီးတွေဆီမှာ လျောက်ထား မေးမြန်ကြပါ။ လောကအပြစ်က ခွင့်လွှတ်ပေမဲ့ ဓမ္မအပြစ်က ခွင့်မလွှတ်ပါဘူး။ မိဘတွေအနေနဲ့ လဲ ကိုယ်သားသမီးက ပူဆာတိုင်း မလွှတ်ကြပါနဲ့ ။ ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်တယ်ဆိုရင်ပေါ့။ ဒီစာကို ဘယ်သူ့ ကိုမှ ပုတ်ခတ်လို အပြစ်ပြောလိုတဲ့ သဘောမျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ ကာမဂုဏ် သာယာမှုအတွက်နဲ့  သံသရာမှာနစ်မွန်းကြမှာ စိုးလို့ ပါ။ အခု အတူုနေကြတဲ့ ချစ်သူတွေဟာ ဒီလိုအပြစ်ရှိတယ်ဆိုတာ တယောက်မှသိမှာမဟုတ်ပါဘူး။ သိတဲ့  သူဆိုရင် ဘယ်တော့မှ ဒီလိုနေဖို့ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ဒီကိစ္စဟာ တချိန် ကြုံမှာပဲ။ ခဏတာ စောင့်ထိမ်းရတာပါ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင်လဲ ချစ်သူသံသရာမှာ နစ်မွန်းစေမဲ့ကိစ္စကို ခွင့်မပြုသင့်ပါဘူး။စင်္ကာပူမှာနေတဲ့ သူငယ်ချင်းတယောက် အပြောအရ ဒီလိုနေကြတာ ၄၀ ရာနှုန်းလောက်ရှိတယ်တဲ့။ ရင်လေးစရာပါ။နော်တချက်က စင်္ကာပူမှာ လာပြီးနေ ကြသူတွေဟာ ပညာတက်အဆင့်အတန်းမြင့်ကြသူတွေပါ။ အချို့ဆိုရင် နိုင်ငံနဲ့လူမျိုးကို အလွန်ချစ်ကြောင်းနဲ့ နိုင်ငံတော် လူမျိုးအတွက် အလွန်လုပ်ပေးလိုကြောင်း အမြဲပြောကာ လက်ရှိအစိုးရကို အားမလိုအားမရနဲ့ ဝေဖန်နေကြသူတွေ များပါတယ်။ အင်တာနက်ပေါ်၊ အီးမေးတွေနဲ့ facebook နဲ့ ဘလော့တွေပေါ်မှာ စင်္ကာပူက လူတွေ ရေးလိုက်ရင် ကြီးကြီးကျယ်ကျယ်တွေများပါတယ်။ ဒါပေမယ့်လည်း လူ ၁၀၀ မှာ ၄၀ လောက်က LIVING TOGETHER နေနေကြတယ် ဆိုတာတော့ စိတ်ပျက်စရာပါ။ လူ ၁၀၀ မှာ အိမ်ထောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေ နှုတ်ရင် လူ ၆၀ လောက်ကျန်ပါလိမ့်မယ်။ လူ ၆၀ မှာ ၄၀ က LIVING TOGETHER နေတယ် ဆိုတာ အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒီလိုသူတွေက ဒီလိုဖြစ်နေကြရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှုအတွက်ရော တိုင်းပြည်အတွက်ရော ရင်လေးစရာပါ။ အမေရိကားရောက်မြန်မာတွေ၊ ဂျပန်၊ ဆွတ်ဇာလန်၊ အင်္ဂလန်နဲ့ တခြား နိုင်ငံရောက် မြန်မာတွေ အားလုံးကလည်း LIVING TOGETHER နေကြပါတယ်။ အနည်းနဲ့ အများပဲကွာတာပါ။ ရုရှား ရောက် မြန်မာ တွေလောက်ပဲ ဒီကစ္စနဲ့ ကင်းနိုင်ကြတာပါ။ ဒါတောင် မနေနိင်မထိုင်နိုင် ရုရှားထိလိုက်သွားတဲ့ တခြားနိုင်ငံရောက် မြန်မာမတွေ ရုရှားထိလိုက်သွားချိန်မှာ LIVING TOGETHER နေတာတွေ တွေ့နေရပါသေးတယ်။ ရာခိုင်နှုံးနဲ့ ကြည့်ရင်တော့ ၀.၂ ရာခိုင်နှုံးလောက်ရှိပါတယ်။ LIVING TOGETHER နေတဲ့ ကိစ္စဆိုတာ မြန်မာ့ဓလေ့ထုံးစံနဲ့ လုံးဝဆန့်ကျင်နေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရောက်နေတဲ့ လက်တစ်ဆုပ်စာ မြန်မာတွေမှာပဲဖြစ်နေကြတာပါ။ အခုနောက်ပိုင်းဆိုရင် တစ်ချို့က ပေါ်ပေါ်ထင်ထင် ကြီးတွေနဲ့ အရှက်ကင်းမဲ့စွာ လုပ်ပြနေကြပါတယ်။ မြန်မာနိုင်ငံက မိဘဘိုးဘွားတွေများ သိရင် ရင်ကျိုးပြီး သေကြပါလိမ့်မယ်။ မြန်မာလူကြီးတွေ လက်မခံပဲ၊ မြန်မာ့ဓလေ့ထုံးစံကို ဆန့်ကျင်တဲ့အပြင် လူငယ်တွေအတွက်ပါ အကျိုးမရှိတဲ့ LIVING TOGETHER ကိစ္စကို အားလုံး ရှုံ့ချ ဆန့်ကျင်ကြပါစို့။

                                                                                                               ဒေါက်တာမီးဒုတ်

Wednesday, 26 August 2015

အစ္စလာမ်ဘာသာဝင်အားလုံးက NLD ကို မဲပေးကြမှာပါ ~ ဦးကိုနီ


          လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတွင်းက နိုင်ငံသားအားလုံးအတွက်အရေးပါတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားအားလုံးအတွက် အရေးပါတဲ့ရွေးကောက်ပွဲဖြစ်သလို နိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူ လူနည်းစုအတွက်လည်း အရေးပါတဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ ကနေ လူနည်းစုအစ္စလာမ်ဘာသာဝင်တွေအတွက် မျှော်လင့်ချက်ဘယ်လောက် ရှိနေမလဲ ဆိုတာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ ကိုယ်တိုင်လည်း အစ္စလာမ် ဘာသာဝင်ဖြစ်တဲ့ ရှေ့နေကြီး ဦးကိုနီကို မေးမြန်းတင်ပြထားပါတယ်။
ပြည်သူ့ခေတ် – ပြည်ခိုင်ဖြိုးဘက်မှာ မွတ်ဆလင်အမတ်တွေ ထည့်ထားတာရှိလား။ NLD ဘက်မှာရော ဘယ်နှစ်ယောက်ပါလဲ။ အဲဒီလိုမျိုး အနေအထားအောက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မွတ်ဆလင် အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်ကရော ဘယ်လိုဖြစ်လာမလဲ။ အမတ်ထဲမှာ သူတို့တွေသာ မပါဘူးဆိုရင် လွှတ်တော်ထဲမှာ ဒီနည်းစု အခွင့်အရေး သွားပြောမယ့်သူရှိပါတော့မလား။
.
ဦးကိုနီ – စာရင်းအရရော ကျွန်တော်ကြားသိရတဲ့ သတင်းအရရော ပြည်ခိုင်ဖြိုးမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်း မပါဘူး။ အလားတူ NLD စာရင်းထဲမှာလည်း ကျွန်တော်သိသလောက် အစ္စလာမ်ဘာသာဝင် လွှတ်တော် အမတ်လောင်း မပါဘူး။ အောက်ခြေမှာ စာရင်းတင်တုန်းက ပါတယ်။ ဒီမိုကရေစီရေးကို တော်တော်လေး ပြင်းပြင်းထန်ထန်လုပ်နေတဲ့ အစ္စလာမ်ဘာသာဝင် ၁၀ယောက် ၀န်းကျင် လောက် တင်တဲ့ထဲမှာပါတယ်။ သို့သော် တကယ်ရွေးတဲ့ အခါမှာတော့ အစ္စလာမ်ဘာသာဝင်မပါဘူးလို့ ကျွန်တော်သိရတယ်။
အမတ်လောင်းစာရင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် အမတ်တွေ မပါတဲ့အတွက် လူတွေ အမြင်က ပြည်ခိုင်ဖြိုးကိုတော့ ရှင်းတယ်။ အစ္စလာမ်ဘာသာဝင် အများစု ပြည်ခိုင်ဖြိုးကို မဲပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ စီးပွားရေးအရ ပတ်သက်နေတဲ့ ကိုယ်ကျိုးအတွက် ပတ်သက်နေတဲ့ နည်းနည်းပါးပါး က လွဲရင် အများစုကတော့ မပေးဘူးလို့ ခန့်မှန်းတယ်။ အများဆုံးခွဲခြား ဆက်ဆံခံခဲ့ရတဲ့ မွတ်ဆလင်တွေဟာ သူတို့ကို ခွဲခြားဆက်ဆံတဲ့သူကိုတော့ မဲပေးမှာ မဟုတ်ဘူးလို့ မြင်တယ်။
မွတ်ဆလင်အများစုကတော့ NLD ကိုပဲ မဲပေးမှာပါ။ အစ္စလာမ်ဘာသာဝင် တော်တော်များများဟာNLD အဖွဲ့ဝင်အဖြစ်နဲ့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း NLD အဖွဲ့ဝင်ဖြစ်ပြီး အောင်နိုင်ရေး အတွက် ကြိုးပမ်း အားထုတ်နေတဲ့သူ ဖြစ်တယ်။ ဒါပေမယ့် တစ်ခုဖြစ်သွားတာက ပထမပိုင်းမှာ ကျွန်တော်တို့က အစ္စလာမ် ဘာသာဝင် သုံးလေးယောက်လောက်တော့ အမတ်လောင်းအဖြစ် ပါမှာပဲလို့ ထင်ခဲ့တယ်။ အစ္စလာမ် ဘာသာဝင် သိပ်များတဲ့ မဲဆန္ဒနယ်မြေတွေမှာ တစ်ဖက်က ပြည်ခိုင်ဖြိုး အမတ်တွေကို ယှဉ်နိုင်ဖို့ဆိုရင် အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အမတ်လောင်းကိုထည့်ရင် တော်တော် သေချာတယ်။ NLD ဆိုတဲ့ အရိပ်အာဝါသရယ်၊ အစ္စလာမ်ဘာသာဆိုတဲ့ ဘာသာရေး အကြောင်းခံရယ် ဒီနှစ်ခုကြောင့် NLD က လွယ်လွယ်လေးကို အနိုင်ရနိုင်တယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။ လက်တွေ့မှာ မပါလာတဲ့ အခါကျတော့ တော်တော်များများက NLD ဟာ အစ္စလာမ်ဘာသာဝင်တွေ အပေါ်မှာ ဂရုမစိုက်ဘူး။ အလေးမထားဘူးလို့ မြင်သွားတယ်။ ကျွန်တော်က NLD ထဲမှာရှိနေတော့ တော်တော်များများက ကျွန်တော့်ကိုပဲ မေးကြတယ်။ အမတ်လောင်းထဲမှာ မပါတာကတော့ တစ်ကိစ္စ။
ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံ ခံခဲ့ရတာပဲ။ လောလောဆယ် အမတ်လောင်းထဲမှာ မပါဘဲလဲ ကျွန်တော့်တို့အတွက် ရွေးစရာမရှိဘူး။ NLD ကို ထောက်ခံပေးမှသာ အပြောင်းအလဲကို မျှော်လင့်နိုင်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်မူအတိုင်းပဲ ပြောတယ်။ ဒါပေမယ့် ပြဿနာက အစ္စလာမ်ဘာသာဝင် အချို့ဟာ တစ်သီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ တချို့နေရာတွေမှာ ၀င်ပြိုင်မယ်လို့ ကြားလာရတယ်။ အဲဒါကို နားလည်ပေးပါလို့ ပြောတယ်။
သူတို့ဝင်ရတဲ့အကြောင်းက မွတ်ဆလင် အမတ်လောင်းမ၀င်ရင် မွတ်ဆလင် အမတ်မရှိ တော့ဘူးလို့ ပြောကြတယ်။ မရရင် တစ်ဖက်က တက်သွားမယ်။ အဲ့ဒီအကြောင်းကြောင့် NLD ကို တိုက်တဲ့အနေနဲ့ ၀င်တာ မဟုတ်ဘူး။ နိုင်ရင် NLD ကို ထောက်ခံမှာပဲ။ ကျွန်တော်ကလည်း မင်းတို့ မ၀င်နဲ့ကွာလို့ ပြောပိုင်ခွင့်မရှိဘူး။ သူတို့ တစ်သီးပုဂ္ဂလ၀င်တာ သူတို့အပိုင်း။
လက်ရှိမှာ အစ္စလာမ်ဘာသာဝင်တွေ တည်ထောင်ထားတဲ့ပါတီ သုံးခုလောက်ရှိတယ်လို့ ကျွန်တော် သိရတယ်။ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရဆိုရင် ပါတီတစ်ခုဟာ အနည်းဆုံး သုံးယောက် အမတ်လောင်းအဖြစ် ၀င်ပြိုင်ရမယ်။ မပြိုင်ဘူးဆိုရင် ပါတီဖျက်သိမ်းခံရမယ်လို့ ၀န်ခံလက်မှတ် ထိုးထားပြီးသား။ ပါတီသုံးခုကလည်း အနည်းဆုံးကိုးယောက်တော့တင်ရမယ်။ အဲဒါ NLD ကို တိုက်ဖို့မဟုတ်ဘူး။ ပါတီ ရပ်တည်ဖို့။ သူတို့ကလည်း နိုင်ရင် NLD ကိုပဲ ထောက်ခံ သွားမယ်လို့ တစ်ဆင့်စကားနဲ့ ကျွန်တော် ကြားသိရတယ်။ ကျွန်တော်က နားထောင်မှတ်သားထားရုံပဲ ရှိပါတယ်။ ပြောပိုင်ခွင့်တော့ မရှိပါဘူး။
ပြည်သူ့ခေတ် – အဲဒီအနေအထားဆိုရင် မဲတွေ ပျံ့သွားတာမျိုး ဖြစ်နိုင်သလား။
ဦးကိုနီ – ဖြစ်နိုင်တယ်။ အစ္စလာမ်ဘာသာဝင်တွေ များတဲ့နေရာမှာ တော်တော်များများ အစ္စလာမ်ဘာသာဝင်တွေက ဘာသာရေးကို အကြောင်းခံပြီးတော့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အမတ်လောင်းကို မဲပေးနိုင်တယ်။ အဲဒီလို NLD ကို မဲပေးမယ့် အုပ်စုရယ်၊ အစ္စလာမ်ဘာသာဝင် အမတ်ကို မဲပေးမယ့် သူတွေရယ်၊ ပြည်ခိုင်ဖြိုးကတော့ ပုံသေမဲနဲ့ လာမယ်။ သူက လူထုထောက်ခံမှု သိပ်ယူလို့မရဘူး။ အပိုင်တွက်ထားတဲ့ မဲနဲ့သွားမယ်။ ဒါဟာ ပြည်ခိုင်ဖြိုးအတွက် အခွင့်အလမ်း ဖြစ်
သွားစေနိုင်တယ်။ မဲက ပျံ့မျာကိုး။ ပျံ့တဲ့အခါကျတော့ တကယ်လို့များ တစ်သီးပုဂ္ဂလ အမတ်လောင်း ၀င်မလာဘူးဆိုရင် NLD ပဲရမှာကိုး။ NLD အတွက် နစ်နာကောင်း နစ်နာနိုင်တယ်။ ဒါတော့ အစောကြီးကတည်းက စဉ်းစားရမယ့်ကိစ္စ။
မွတ်ဆလင် အများစုနေတဲ့ နေရာတွေကို သိထားရမယ်။ ဥပမာ – တိုင်းဒေသကြီးလွှတ်တော်၊ မင်္ဂလာတောင်ညွန့် – ၁ က မွတ်ဆလင် တော်တော်များများတယ်။ တာမွေအုပ်စုတို့ဆို တော်တော်များ တယ်။ ပန်းဘဲတန်းက ၁ ရော၊ ၂ ရော အစ္စလာမ်များတယ်။ ကျွန်တော် ထင်တယ် အဲဒီလို မွတ်ဆလင်များတဲ့ နေရာမှာ တစ်ယောက်စ နှစ်ယောက်စတော့ တက်လာနိုင်တယ်။ များများတော့ တက်မလာနိုင်ဘူး။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် အမတ်အဆင့်လောက်တော့ တက်လာနိုင်တယ်။
အမျိုးသားလွှတ်တော်က သိပ်ကျယ်တယ်။ ဒီလိုနေရာမျိုးမှာ အစ္စလာမ်ဘာသာဝင်တွေ တက်မလာနိုင်ဘူး။ ရန်ကုန်တိုင်းအတွက်ဆို ပန်းဘဲတန်း လိုနေရာ ဖြစ်နိုင်တယ်။ တောင်ညွန့်ဖြစ်နိုင်တယ်။ သူတို့ကို ကျွန်တော် နိုင်စေချင်တယ်။ အစ္စလာမ်ဘာသာဝင်မို့ ပြောတာမဟုတ်ဘူး။
ပြည်သူ့ခေတ် – အခုဆို ရွေးကောက်ပွဲ အလွန်ကို အကြမ်းဖျင်း ခန့်မှန်းလို့ရနေပြီ။ လာမယ့်လွှတ်တော်မှာ ခုနတုန်းကလို မွတ်ဆလင် လူနည်းစုတွေရဲ့အသံ သို့မဟုတ် သူတို့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် အနေအထားက လက်ရှိအနေအထားထက် ပိုဖြစ်လာနိုင်စရာရှိလား။ ဘာမှ မထူးခြားဘဲ ဒီအတိုင်းပဲ ဖြစ်မှာလား။ ပိုဆိုးသွားနိုင်သေးသလား။
ဦးကိုနီ – ထူးခြားမယ်။ လက်ရှိ အနေအထားထက် အများကြီးကောင်း လာမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ NLD က ၄၀ ရာခိုင်နှုန်းအောက် မရောက်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ရင် NLD လွှတ်တော်ကို စိုးမိုးနိုင်တဲ့ အနေအထားရှိတယ်။ NLD က လွှတ်တော်ကို စိုးမိုးနိုင်တယ်ဆိုရင် NLD ရဲ့မူက ရှင်းတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ ဘာသာရေးအရ ပါတီရဲ့မူဝါဒထဲမှာ ခွဲခြားမှုမရှိဘူး။ သို့သော် တစ်ဦးချင်းအနေနဲ့ ရှိကောင်းရှိမယ်။
.
NLD နဲ့ မဟာမိတ်ပြုလာမယ့် တိုင်းရင်းသားတွေမှာလည်း ဘာသာရေးခွဲခြားမှု မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က လူနည်းစု အနေနဲ့ ခံစားနေရတာတွေရှိတယ်။ လူနည်းစုအချင်းချင်း ခံရတဲ့သူအချင်းချင်း စာနာထောက်ထားမှု ရနိုင်တယ်။ ဒါကြောင့်မို့လို့ NLD နဲ့ တိုင်းရင်းသားတွေ လွှတ်တော်မှာ အသာစီးရနိုင်မယ်ဆိုရင်တော့ မွတ်ဆလင် လူနည်းစုတွေအတွက် ခုအခြေအနေထက် ပိုပြီးကောင်းလာလိမ့်လို့ ကျွန်တော်က သုံးသပ်ပါတယ်။

Tuesday, 4 August 2015

မြန်မာနိုင်ငံတစ်ဝန်း ရေဘေးဒုက္ခသည်များအတွက် တတ်နိုင်သလောက်ပါဝင် လှူဒါန်းကျပါစို့

     မြန်မာနိုင်ငံတစ်ဝန်း ရေဘေးဒုက္ခသည်များအတွက် တတ်နိုင်သလောက်ပါဝင် လှူဒါန်းကျပါစို့

            တစ်သွေးတစ်သားတည်း တစ်မြေတည်းမှာ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေပါ အခုဆို ရေလျော့သွားပေမဲ့ ဒီနေ.မနက်ရေပေါ်မှာသစ်တုံးတွေကို ကိုင်တွယ်ဖက်ပြီးတော့ ရေထဲမျှောပါလာတဲ့လူတွေကို ကပ်ဆယ်ထားတာတွေ သတင်းကြားရပါတယ် ကလေး ၊ လုလတ် ၊ လူကြီး အကုန်ပါပဲသိရပါတယ် ရေကြီးတော့ အပြင်ထွက်မရဘူး ရေကြီးချိန် ဘယ်သူဘယ်ဝါ မျှောပါသွားတာတွေကိုတော့ အတိကျမသိသေးပါဘူး ဆက်သွယ်ရေးလိုင်းတွေကလည်း ပြတ်တောက်နေတော့ အတော်လေးကို ဒုက္ခရောက်နေကျပါတယ် ထမင်းဟင်းငတ်နေကျပါတယ် ကယ်ဆယ်ရေးသမားတွေကလည်း နေရာအနှံလိုက်ရှာဘို့ အင်အားမလုံလောက်သလို ကျေးရွာတွေဘက်မှာ ဘလိုဒုက္ခရောက်နေတာကို ခုချိန်ထိ မသိရသေးပြောပါတယ် တစ်ချို့ ကုန်ပစ္စည်းသွားပိုကတာတောင်   ရေအားမလျော့သေးတော့   ရေဘေးဒုက္ခသည်စခန်းမှာပဲ နေထိုင်ရတဲ့အထိ ဆိုးရိန်နေရပါတယ် အခု အလှူငွေကောက်ခံနေကျပါတယ် အ၀တ်အစားတွေပါ အကုန် ရပ်ကွပ် လမ်းချို လမ်းကြား နေရာအနှံ ကောက်ခံနေကျပါတယ် မိမိနဲ့မသက်ဆိုင်ဆိုပြီးတော့ မနေကျပါနဲ့ တတ်နိုင်သလောက်ပါဝင် ကူညီပေးကြပါလို့  မေတ္တာရှေ.ထားပြီး ပါဝင်လှူဒါန်းကြပါလို့ နှိုးဆော်အပ်ပါသည် ၊၊


                                                      ရေဘေးဒုက္ခသည်များ၏ပုံရိပ်











                                        ခုလိုဒုက္ခရောက်နေတာ ကြည့်နေနိုင်ပါသလား?








                                                 ရေထဲမျှောပါသွားတဲ့ အချို. ကြေကွဲစရာ












                           ရဟတ်ယဉ်ပေါ်မှ ရေဘေးသင့်ပြည်သူများအား ဆန်အိပ်ပစ်ချပေးနေ                             













Wednesday, 13 August 2014

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေနေမှု မြင်ကွင်း











လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်က နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သြဂုတ်လ ၉ ရက်နေ့က စတင်ပြီး ရန်ကုန်မြစ်ဝမှာ ရှာဖွေနေတာ ဒီနေ့ဆို ၅ ရက်ရှိပြီဖြစ်ပါတယ်။
From:DVB

www.mmdailystar.com

မလေးရှားမှာ မြန်မာအမျိုးသမီးတစ်ဦးကို ကုလား ထိုးကြိတ်ခံရမှု လူနည်းစု ကာကွယ်ရေးသမားများ ပါးစပ်ပိတ်နေ



မလေးရှားနိုင်ငံမှာ PERSIARAN BUNGA မှာရှိတဲ့ TANJUNG SENAWANG INDUSTRIAL PARK 70400 SE မှာ တရားဝင် လာရောက် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို အလုပ်အတူတူ လုပ်ကိုင်တဲ့ မလေးရှားနိုင်ငံသား အမျိုးသားတစ်ဦးက လက်သီးနဲ့ ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ညဆိုင်း အလုပ်ဆင်းတဲ့ ဒေါ်ခင်ဆွေဦးကို ည ၁၁ နာရီ ၃၀ မိနစ်လောက်မှာ Supervisor က Muhd Fauzi Naim Bin Ahmad နဲ့ အလုပ် ချိန်းပြီးလုပ်ဖို့ လာပြောပါတယ်။ လုပ်လက်စ အလုပ် လက်စမသတ်ရသေးကြောင့် ကြန့်ကြာနေတဲ့အချိန်မှာ အလုပ်ချိန်းလုပ်မယ့် မလေးရှားနိုင်ငံသားက လာပြီး ပြဿနာရှာတာလို့ သူက ဆိုပါတယ်။

နင်ဘာလို့ လာမလုပ်တာလဲ ဆိုပြီး လက်သီးနဲ့ ရင်ဘတ်ကို ထိုးတယ်လို့ ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

“နင်ငါ့ကို ဘာလို့ ထိုးတာလဲ။ ပါးစပ်နဲ့ပြောလဲရတာပဲလို့ ပြန်ပြောတော့။ နင်ငါကို ပြန်ပြောစရာလား ဆိုပြီး နောက်တစ်ချက် ထိုးတယ်” လို့ သူက ရှင်းပြပါတယ်။

ဒေါ်ခင်ဆွေဦး လုပ်တဲ့ နေရာမှာ အလုပ်နည်းနေတဲ့အတွက် အလုပ်ချိန်း ခိုင်းတာလို့လည်းက သူက ဆက်ရှင်းပြပါတယ်။

ညာနဲ့ဘယ် ရင်ဘတ်နှစ်ဖက်လုံးကို လက်သီးနဲ့ အထိုးခံရတဲ့အတွက် အောင့်နေတယ်။ အပြင်ဆေးခန်းမှာ ပြထားတယ်လို့ ဒေါ်ခင်ဆွေဦးက ပြောပါတယ်။

အထိုးခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မလေးရှားရဲတပ်ဖွဲ့ကို တိုင်ကြားထားတယ်လို့ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။


.. www.MyanmarExpress.net